Hey Warriors!
ရေရှည်မှာ Sustainable ဖြစ်တဲ့ Fitness Journey ကို ရဖို့ အဓိကလိုအပ်တဲ့ အချက် (၃) ချက်
မိမိရဲ့ Body Transformation အတွက် အခုချိန်ထိ Struggle ဖြစ်နေတုန်းလား?
ဘာကြောင့် ကြန့်ကြာနေတာလဲ?
သိသာတဲ့ ပြောင်းလဲမှုတွေ မြင်ရဖို့ရော ကိုယ် ဘာတွေ လိုနေသေးတာလဲ?
ဒီလို တွေဝေမှုတွေ အတွက် ဒီနေ့မှာတော့ Body Transformation (သိသာတဲ့ပြောင်းလဲမှု) တစ်ခုကို ရဖို့ အဓိကလိုအပ်တဲ့ အချက် (၃) ချက် ကို Chloe က ပြောပြပေးသွားပါမယ်။ ဒီအချက် ၃ချက်က ဘာတွေလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။
1. စနစ်တကျရေးဆွဲထားတဲ့ Program
ကိတ်မုန့်တစ်လုံးကို Guideline မရှိ အညွှန်းနဲ့ ပါဝင် ကိတ်မုန့်တစ်လုံးကို Guideline မရှိ အညွှန်းနဲ့ ပါဝင်ပစ္စည်း မသိ bake လုပ်နေတယ်လို့ မျက်လုံးထဲ မြင်ယောင်ကြည့်ပါ။ ဒါဆိုရင် ဒီ ကိတ်မုန့်က ကိုယ်မျှော်လင့်ထားသလို အရသာ ၊ texture နဲ့ စားချင်စဖွယ် result မျိုးထွက်လာမှာမဟုတ်တော့ပါဘူး။ အလားတူစွာဘဲ Fitness journey တစ်ခုကို စတင်ရာမှာလဲ စနစ်တကျရေးဆွဲထားတဲ့ Structured Workout Program မရှိဘူးဆို လိုချင်တဲ့ Goal ကို အတိအကျ ရောက်မှာမဟုတ်ပဲ အချိန်ကြန့်ကြာပြီး စိတ်ပျက်မှုတွေသာ ပတ်ချာလည် ကြုံတွေ့ရမှာပါ။
စနစ်တကျ ရေးဆွဲထားတဲ့ workout program တစ်ခုက သွားရမဲ့ Body transformation journey အတွက် လမ်းပြမြေပုံ တစ်ခုလိုပါပဲ ။ ဘာ exercise တွေလုပ်ရမယ် ဘယ် area တွေကိုတော့ ဘယ်နှစ်ရက် လုပ်ရမယ် ၊ Focus ထားရမဲ့ Muscle တွေ ဒါတွေအားလုံးကို ရေးဆွဲပေးထားတာကြောင့် ကိုယ့်အနေနဲ့ လမ်းမှားနေမှာ ပူစရာမလိုပါဘူး။ ဘယ်သူမဆို လေ့ကျင့်ခန်းလုပ်ကြပြီဆိုရင် Beginner ပဲဖြစ်ဖြစ် ဒါမှမဟုတ် Fitness မှာ အတွေ့အကြုံရှိတဲ့ သူ Experienced lifter ဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ Body goal နဲ့ ကိုက်ညီတဲ့ workout program တစ်ခုကတော့ လိုအပ်ပါတယ်။
အဲ့ဒါကြောင့်လည်း Structured Workout Plan ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး TCC မှာ အမြဲ ပြောဖြစ်နေတာပါ။ ကိုယ့်ရဲ့ Lifestyle or body transformation ကို မြင့်တင်ချင်တာ ဖြစ်ဖြစ် ကျန်းမာရေးကို တိုးတက်ချင်တာ ဖြစ်ဖြစ် Certified Coach တစ်ဦးဦးကနေ ရေးဆွဲထားတဲ့ well-structured program ကို လိုကိုလိုအပ်ပါတယ်။
TCC မှာဆို Strength training, cardiovascular workout or flexibility exercise စသဖြင့် မိမိရဲ့ Body goal အလိုက် စနစ်တကျရေးဆွဲထားတဲ့ program ပေါင်းများစွာကို တစ်နေရာထဲမှာ ရွေးချယ်ပြီး ကစားလို့ရအောင်ဖန်တီးပေးထားတာဖြစ်ပါတယ်။ စိတ်ဝင်စားသူ ၊ Fitness Journey စလိုသူ warriors တို့ Chloe ရဲ့ Website ကိုသေချာလေးလေ့လာပေးပါ။
2. Nutrition
gym မှာ ဘယ်လောက်ပဲ လေ့ကျင့်ခန်းတွေ လုပ်နေပါစေ Poor diet နဲ့သာဆို ကိုယ်လိုချင်တဲ့ body transformation ကို ရရှိမှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ Meal plan ဒါမှမဟုတ် Nutrition ကို အမြဲ ဂရုစိုက်နေဖို့ကလဲ အရေးကြီးပါတယ်။
ခန္ဓာကိုယ်မှာ အာဟာရ ပြည့်ဝနေတဲ့အခါ ကိုယ့်ရဲ့ လုပ်ဆောင်ရည် (training performance) ကို တိုးတက်စေရုံသာမက Body Recovery ကိုပါ အထောက်အပံ့ ဖြစ်စေပါတယ်။ Protein ဓာတ်ပြည့်ဝတဲ့ အစားအစာတွေ၊ whole grains ၊ အသီးအနှံတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အထူးအလေးပြုသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတ်စာများအကြောင်း အသေးစိတ် သိရှိလိုပါက Treat yourself right Ebook မှာ လေ့လာနိုင်ပါတယ်။
တချို့ကပြောကြတယ်။ အလုပ်များလို့ မအားလို့ ဝယ်ရခြမ်းရ မလွယ်လို့ စသဖြင့် ပြောတတ်ကြတယ်။ ဒါနဲ့ပဲ အလွယ်ရတဲ့ Fast food တွေကိုသာ အများဆုံး ရွေးချယ်လေ့ရှိကြတယ်။ ဒါပေမယ့် Meal တွေကို ကြိုတင် စီစဥ်ပြီး ပြင်ဆင်ချက်ပြုတ်ထားမယ်ဆိုရင်ရော?
မှတ်ထားရမဲ့ အချက်ကတော့ Fitness ဆိုတာ gym မှာပဲ ပြုလုပ်ရမဲ့ အရာမဟုတ်ဘဲ သင့်ရဲ့ Body ကို ဘယ်လိုမျိုး အာဟာရ ဖြည့်ဆည်းမလဲ ဆိုတာလဲ ပါဝင်ပါတယ်။
3. စိတ်တူကိုယ်တူ ရှိတဲ့ Community တစ်ခု
တခါတလေမှာတော့ Fitness က အထီးကျန်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ စိတ်တူကိုယ်တူ တွေနဲ့ အတွေ့အကြုံတွေ မျှဝေ တစ်ယောက်နဲ့ တစ်ယောက် အားအင်တွေရရှိအောင် Support လုပ်ပေးကြတဲ့အခါ ဒီလို အထီးကျန်မှုကို မခံစားရတော့ဘဲ အမြဲတမ်း Motivation အပြည့်နဲ့ Fitness journey ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
အခြားသူတွေရဲ့ Fitness experience တွေကို လေ့လာနိုင်ရုံသာမက အခြားသူတွေရဲ့ အောင်မြင်မူတွေကို ဂုဏ်ပြုနိုင်ကြမယ်။ ဒါ့အပြင့် Challenge တွေကို အတူတူ ရင်ဆိုင် ကျော်ဖြတ်နိုင်ကြမယ်။
ဒါ့အပြင့် community မှာ ပါဝင်ခြင်းက Fitness ကိုပိုပြီး enjoy ဖြစ်လာစေပြီး သံသယတွေ လျော့နည်း လာစေပါတယ်။ Fitness journey မှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ အောင်မြင်မူတွေကို သူငယ်ချင်းတွေနဲ့ အတူ sharing လုပ်နိုင်ပြီး ရေရှည်မှာလဲ Substainable ဖြစ်ဖြစ် နဲ့ ဒီ Journey ကို ရှေ့ဆက်သွားနိုင်မယ်။
သင့်ရဲ့ body transformation goal တွေကို အချိန်အတိုင်းအတာ တစ်ခုအတွင်း အရယူနိုင်ဖို့ အတွက် ရည်မှန်းချက်ချင်းတူတဲ့ လူနည်းစုသာ ပါဝင်တဲ့ TCC Bootcamp private group Coaching service ရှိပါတယ်.. You can learn more at...
ဒီအချက်လေးတွေကို သေချာ သိရှိပြီ လိုက်နာနိုင်မယ် ဆိုရင်တော့ warriors တို့ရဲ့ Fitness Journey ဟာ အရမ်းကို ထိရောက်မှု အပြည့်နဲ့ ပန်းတိုင်ရောက်ဖို့ နီးစပ်နေပါပြီ။
So, why not add these 3 ingredients in your journey and Start now.