Training မှန်နေပေမယ့် Body Result မသိသာသေးဘူးဆိုရင် ဒီ Blog ကို ဆုံးအောင်ဖတ်ပေးနော်။
Chloe တို့တွေ Body Transformation journey မှာ Training လည်းမှန်တယ်။ နည်းစနစ်တွေလည်း မှန်တယ်ဆိုပေမယ့် Transformation ကြန့်ကြာနေတယ်ဆိုတာ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု ပုံစံနဲ့လည်းဆိုင်ပါတယ်။
Chloe တို့အနေနဲ့ Body transformation စတင်နိုင်ဖို့ အဓိကအနေနဲ့ အရေးပါတာကတော့ Nutrition ပါပဲ။ Nutrition အနေနဲ့ပြောရမယ်ဆိုရင် အိမ်က မီးဖိုချောင် ကို ဂရုပြုမိဖို့လိုပါတယ်။
ဒီ Blog မှာဆို ဘာကြောင့် ကိုယ့်ရဲ့ မီးဖိုချောင်က Weight loss journey ရဲ့ အရေးကြီးဆုံး Starting point ဖြစ်လာလဲ, Nutrition က Body transformation journey မှာ ဘာကြောင့် အရေးကြီးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်တစ်နေ့တာမှာ ဘာတွေစားလဲ။ ဘယ်လိုမျိုးရွေးချယ်မှုတွေပြုလုပ် ပြင်ဆင်လဲ။ ဘာတွေရှောင်မလဲ ဆိုတာတွေကို သတိထားနိုင်ပြီး ပြင်ဆင်မယ်ဆို ကိုယ်လိုချင်တဲ့ Body Goal ကိုအရယူန်ုင်မှာပါ။
(1) မီးဖိုချောင်ကို ရှင်းလင်းခြင်း
Body Transformation အတွက် ပထမဆုံးသော အချက်အနေနဲ့ မီးဖိုချောင်မှာရှိတဲ့ သကြားပါသော သရေစာများ၊ ပြုပြင်ထားသော အစားအစာများနှင့် ကယ်လိုရီများသော အစားအစာများကို ဖယ်ရှားခြင်းဖြင့် စတင်လိုက်ပါ။ လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းပြည့်ဝသော အစားအစာများနှင့် အစေ့အဆန် စသဖြင့် အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်ပြီး အစားထိုးနိုင်ပါတယ်။
(2) အစားအစာများကို ပြင်ဆင်ခြင်း
ဒုတိယ အချက်အနေနဲ့ အပတ်စဥ် စားသောက်မဲ့ အစားအသောက်ကို စနှစ်တကျ စီစဉ်ပြီး Meal planning လုပ်ဖို့ အရေးကြီးပါသည်။ အပတ်စဥ် စားသောက်ပုံကို Planning ပြုလုပ်ခြင်းဖြင့် Body transformation အတွက် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးနိုင်ရုံသာမက အချိန်ကုန်လဲသက်သာစေပြီး အမြဲတစေ အစာစားချင်တဲ့ စိတ်ကိုလဲ လျှော့ချပေးနိုင်ပါသည်။
(3) အစားအသောက် ပမာဏကို ကန့်သတ်ခြင်း
Body transformation အတွက် ကိုယ်စားမဲ့ အစားအစာရဲ့ Portion ကို Control လုပ်နိုင်ဖို့ကလဲ အရေးကြီးပါသည်။ overeating မဖြစ်စေရန်အတွက် Food scale နဲ့ mearsuring cup ကို အသုံးပြုကာ အစားအသောက်ကို ချိန်တွယ်စားသောက်ခြင်းက ရိုးရှင်းတဲ့ အကောင်းဆုံး နည်းလမ်းလေးပါ။
(4) အိမ်တွင် ချက်ပြုတ်ခြင်း
မိမိအိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာတွေက ဘာ ဟင်းချက်ပစ္စည်းတွေ ပါဝင်လဲ ဘယ်လိုပုံစံမျိုးနဲ့ ချက်ပြုတ်ထားလဲဆိုတာကို သိရတာမို့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးေသာ နည်းလမ်းတစ်ခု ဖြစ်ပါသည်။
(5) ဓာတ်စာ မျှတသော အစားအစာများကို သိုလှောင်ထားခြင်း။
မီးဖိုချောင်တွင် အစေ့အဆန်များ၊ ပရိုတင်းပြည့်ဝသော အသားများ၊ တို့ဟူး၊ ပဲအမျိုးမျိုး နှင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆီများ ကဲ့သို့ မရှိမဖြစ်လိုအပ်သော Healthy food များကို သိုလှောင်ထားပါ။ Healthy meal တစ်ခုမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို သင့်ရဲ့မီးဖိုချောင်မှာ အလွယ်တကူရရှိနိုင်ပြီးတော့ အာဟာရပြည့်ဝတဲ့ အစားအစာများကို ပြင်ဆင်ရန်အတွက်လဲ ပိုမိုလွယ်ကူစေပါသည်။
(6) နားလည်တက်ကျွမ်းသော Nutritionist များရဲ့ guideline များ ရယူခြင်း။
သင့်ရဲ့ Body goal အလိုက် စားသောက်ပုံ အကြံပြုချက်များကို ရရှိနိုင်ရန် နားလည်တက်ကျွမ်းတဲ့ Nutritionist များရဲ့ Guideline များကို ရယူနိုင်ပါသည်။ Calories တွက်ချက်ပုံ အဆင့်ဆင့် အပြင် ဓာတ်စာမျှတတဲ့ ဟင်းချက်နည်း အမျိုး၄၀ ကျော်ပါဝင်တဲ့ Treate yourself right E Cook book လေးကို www.thechloecondition.com website မှာ ဝင်ရောက်ပြီး ဝယ်ယူနိုင်ပါတယ်ရှင့်။
(7) မိမိရဲ့ Workout plan ကို သေချာစွဲမြဲစွာ ကစားခြင်း။
Nutrition သည် Body Transformation journey တွင် အရေးပါသော အချက်ဖြစ် သော်လည်း ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုမေ့မထားသင့်ပါ။ မိမိရဲ့ Body goal နဲ့ကိုက်ညီတဲ့ Training Program ကို ရှာဖွေပြီး Lifestyle မှာ အမြဲ ထည့်သွင်းကစားပေးနိုင်ပါသည်။
မိမိ တနေ့တာ စားသောက်မူ ပုံစံ၊ အစားအစာပြင်ဆင်ပုံနဲ့ အစားအစာရွေးချယ်မူများကို စနှစ်တကျ ပြုလုပ်ရွေးချယ်စားသောက်ခြင်းဖြင့် အောင်မြင်တဲ့ Body transformation တစ်ခုကို အရယူနိုင်ပါပြီ။