သင်ဟာ Fitness journey ကို စတင်ဖို့စဥ်းစားနေတုန်းလား ဒါမှမဟုတ် ပိုပြီး ကျန်းမာတဲ့ Healthy lifestyle တစ်ခုကို စတင်ပြီး လျှောက်လှမ်းနေပြီလား။ ဘာပဲဖြစ်ဖြစ် သင့်အနေနဲ့ မေ့နေတက်တဲ့ အရာတစ်ခုကို ဒီ Blog လေးမှာ ပြောပြပေးချင်ပါတယ်။ အဲ့ဒါက Fitness Community တစ်ခုပဲ ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ အချင်းချင်း ဆက်သွယ်လို့ရအောင်၊ အတွေ့အကြုံတွေမျှဝေလို့ရအောင် ၊ သိထားတာတွေ ဖလှယ်လို့ရအောင်အပြင် လျှောက်လှမ်းနေတဲ့ ဒီခရီးမှာ တစ်ယောက်တည်းကျန်မနေခဲ့စေဖို့ ထောင်ပေါင်းများစွာသော အမျိုးသမီး အချင်းချင်း ချိတ်ဆက်လို့ရအောင် အကူညီပေးနိုင်တဲ့ Community တစ်ခုပါ။
Fitness Community ကို join ဖို့အတွက် စဉ်းစားသင့်သည့် အခြေခံအကြောင်းရင်းအချို့ ကို ေဖာိပြပေးလိုက်ပါတယ်။
၁။ အထီးကျန်မှု မခံစားရခြင်း
တစ်ဦးထည်း လေ့ကျင့်ခြင်းက တစ်ခါတရံမှာ ခက်ထန်နိုင်ပြီး မောပန်းနေချိန်တွေမှာလဲ အလွယ်တကူ လေ့ကျင့်ခန်းအပေါ် စိတ်ပျက်အားလျော့စေနိုင်ပါတယ်😞။ fitness community က ခက်ခဲနေချိန်တွေမှာတောင် ကောင်းမွန်စွာ Motivation အပြည့်ဖြင့် လေ့ကျင့်နိုင်ရန်အတွက် လှုံ့ဆော်ပေးနိုင်ပါတယ်
၂။ ပိုပြီးပျော်ရွင်နိုင်ခြင်း
စိတ်တူကိုယ်တူ သူငယ်ချင်း အပေါင်းအပါတွေနဲ့အတူ လေ့ကျင့်ခြင်းက တစ်ယောက်ထဲ ကစားခြင်းထက်စာရင် ပိုပြီးပျော်ရွှင်စေနိုင်ပြီး မိမိအောင်မြင်မှုများကို မျှဝေနိုင်ခြင်း/ Fitness Knowledge များအပြန်အလှန်ပြောဆိုတိုင်ပင်နိုင်ခြင်းအပြင် ပျော်ပျော်ရွင်ရွင်နဲ့ challenge လေးတွေလဲ ပြုလုပ်နိုင်ပါတယ်။ 💯
၃။ ပိုမိုကောင်းမွန်သောရလဒ်များ ရနိုင်ခြင်း
မိမိရဲ့ fitness journey မှာ အားပေးသူများရှိခြင်းက လေ့ကျင့်ခန်းများကို ပိုမိုအားအပြည့်ဖြင့် ကစားနိုင်ရန် အထောက်အပံ ဖြစ်စေပြီး ရလဒ်များပိုမိုကောင်းမွန်စေနိုင်ပါတယ်။💯
၄။ အတုယူနိုင်ခြင်း
Fitness community ထဲမှာ သင့်နဲ့ ပန်းတိုင်တူသောသူများ စိတ်တူကိုယ်တူများ နဲ့ ရင်းနှီးစွာ တွေ့ဆုံနိုင်ပြီး သူတို့ရဲ့ ရလဒ်များကို လေ့လာခြင်းဖြင့် သင်ကိုယ်တိုင်လဲတူညီသောရလဒ်များရအောင် အကျိုးပြုနိုင်ပါတယ်။*တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး*ဟူသောစကားပုံအတိုင်း အဆိုးမြင်စိတ်ကင်းပြီး စိတ်တူကိုယ်တူများသာရှိသော နွေးထွေးပြီး အပြုသဘောဆောင်တဲ့ TCC community ကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အောက်ပါLink ကိုနှိပ်ပြီး Join နိုင်ပါတယ်။