Hey Warriors!
ဒီနေ့တော့ Chloe တို့တွေ Protein အကြောင်းပြောရအောင် 🥩 ဒီ blog လေးကို ဗဟုသုတအနေနဲ့ရော Reminder, Meal Inspo အနေနဲ့ရော သေချာ သိမ်းထားနော်။ အရမ်း အသုံးဝင်မှာ မို့ပါ 😘
Warrior တို့သိတဲ့အတိုင်း Chloe ကတော့ တတ်နိုင်သလောက် စားသမျှအစားအစာတွေထဲမှာ Protein Rich ဖြစ်တဲ့ အသား ငါး ပါအောင် နေ့စဉ် ဦးစားပေး စားဖြစ်တယ်။ ဘာကြောင့်သတိထားပြီး အမြဲပါအောင်စားလဲ။ Warrior တို့ကိုရော ဘာကြောင့် စားစေချင်တာလဲ။ ⁉️
Healthy ဖြစ်တဲ့ Diet ကြောင့်ဘဲ ကိုယ်လိုချင်တဲ့ Body Goal ၊ ကိုယ်နေချင်တဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို တကယ် အရယူနိုင်ပါတယ်။ ကိုယ်စားလိုက်တဲ့ စားသောက်မှုပုံစံ ( Diet )က physical ပြောင်းလဲမှုတွေ တင်မကဘဲ ကိုယ်တွင်းက hormones တွေ၊ gut health၊ brain health၊ mood နဲ့ mental health ပြောင်းလဲမှုတွေ နဲ့ပါ ဆက်နွယ်နေပါတယ်။
ဒါကြောင့် ကိုယ်တစ်နေ့တာမှာ စားလိုက်တဲ့ အစားသောက်တွေကို သေချာဂရုစိုက်သင့်တယ်။ အဲ့နေရာမှာ Protein ဓာတ်ကြွယ်ဝနေတာလည်း ကျန်းမာတဲ့ စားသောက်မှု ပုံစံတွေထဲက တစ်ခုပေါ့။၊
ဒါဆို Protein က ဘာတွေအကျိုးပြုလဲ
ပရိုတင်းကို လုံလောက်စွာစားသုံးခြင်း or များများစားမယ်ဆို
✅ ကြွက်သားများ ကျန်းမာသန်စွမ်းစေတယ်
လေ့ကျင့်ခန်း ကစားပြီး ပျက်ဆီးသွားတဲ့ ကြွက်သားတွေ အတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေပြုလုပ်နိုင်ဖို့ amino acid အနေနဲ့ ပံ့ပိုးပေးတာကြောင့် muscle build and repair process အတွက် လိုအပ်ချက်တစ်ခုဖြစ်တယ်။
✅ အစာစားချင်စိတ်ကို ထိန်းချုပ်စေတယ်
အစာခံစေတာကြောင့် အမြဲ ဗိုက်စာနေတာမျိုးမဟုတ်ဘဲ တစ်နေ့တာ calorie intake အတွက် control ရစေမှာပါ။ ဒါကြောင့် ကိုယ် အလေးချိန် ကိုလည်း အတက်အကျမကြမ်းဘဲ ထိန်းထားပေးနိုင်မယ်။ Unhealthy Food cravings တွေလည်း လျော့ကျစေမယ်။
✅ ခံစားချက်နှင့် စိတ်နေသဘောထားကို မြှင့်တင်ပေးတယ်
သွေးတွင်းသကြားဓာတ်ကိုလည်း balance out လုပ်ပေးနိုင်တာကြောင့် တစ်နေ့တာ mood နဲ့ energy ကိုကောင်းစေမယ်။
✅ အတွင်းမှ လှပခြင်း
အရိုး၊ ဆံပင်၊ လက်သည်း၊ hormones နဲ့ အသားအရည် တင်းရင်းမှု စတဲ့ ကျန်းမာရေးရော အလှအပရေးရာအတွက်ပါ အထောက်အကူပြုတယ်။💖
✅ အထွေထွေကျန်းမာရေး
ခန္ဓာကိုယ်ကို overall ကျန်းမာစေပြီး ကိုယ်ခံအားစနစ် မြင့်တင်ပေးနိုင်တာမို့ ဖျားနာခြင်းတွေ လျော့ချပေးနိုင်တယ်။
Chloe အကြိုက်ဆုံးကတော့ strength training နဲ့ High Protein Meals တွဲစားတာနဲ့ အသက်အရွယ်အရ အသားအရည်ပျော့တွဲမှု၊ အိုမင်းရင့်ရော်မှု၊ ကိုသက်သာလျော့နည်းစေတဲ့ အပြင် ကိုယ်လိုချင်တဲ့ ကျစ်လစ် smart ကျတဲ့ ခန္ဓာကိုယ်ကို ထုဆစ်ပုံ ဖော်နိုင်မယ်။ Confidence တွေ တိုးလာစေမယ့် အချက်ပါဘဲ။
အဲ့ဒါကြောင့် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးခြင်းက ခန္တာကိုယ် ကျန်းမာစေဖို့အတွက် အကောင်းဆုံးသော အရာတစ်ခုဖြစ်ပါတယ်။ အားကစားပြုလုပ်နေတာပဲ ဖြစ်ဖြစ် ဝိတ်ကျဖို့ ကြိုးစားနေတာပဲ ဖြစ်ဖြစ် Protein ကို ပါဝင်အောင် စားသုံးပေးနိုင်ပါတယ်။
ပရိုတင်းဓာတ်ပါဝင်သော အစားအစာတွေကတော့
- ကြက်သား ၊ အမဲသား ၊ ဝက်သား၊ ကြက်ဆင်သား ( Turkey ) အရည်ခွံနဲ့ အဆီ ပါတဲ့ အပိုင်းတွေ ရှောင်ပါ။
- ပုဇွန်၊ ငါး အနေနဲ့ Tuna၊ Salmon ၊ Dory ၊ Cod ငါးကို စားပေးလို့ရပါတယ်။ နှလုံးအတွက်ကောင်းတဲ့ ပရိုတင်းဓာတ်များအပြင် Omega 3 Healthy Fat များပါရှိပါတယ်။
- ကြက်ဥတွေက ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာ တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကို ပြုပြင်ရန်နှင့် Muscle ကြီးထွားရန်အတွက် အထောက်အကူပြုပါတယ်။
- နို့ နှင့် နို့ထွက်ပစ္စည်း ၊ ဒိန်ချဉ်နှင့် ဒိန်ခဲကဲ့သို့သော အစားအစာများတွင် အရိုးများနှင့် ကြွက်သားများကို ကျန်းမာသန်စွမ်းစေရန် ကူညီပေးသည့် ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့ အစားအစာများ ဖြစ်ပါတယ်။
- ပဲအမျိုးမျိုးကလဲ အပင်ကိုအခြေခံတဲ့ပရိုတင်းဓာတ်များပါဝင်တဲ့ အစားအစာများဖြစ်ပြီး ခန္တာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေ ပေးနိုင်ပါတယ်။
- တိုဟူးနှင့် quinoa ကဲ့သို့သော အစားအစာများသည် အပင်ကိုအခြေခံပြီး ပရိုတင်းဓာတ်ပါရှိတာမို့ အသားမစားတဲ့သူတွေအတွက် ရွေးချယ်စရာ Protein ဖြစ်ပါတယ်။
- ဒါ့အပြင် Whey Protein, Plant Based Protein စတဲ့ Supplement များမှလည်း မှီဝဲ နိုင်ပါတယ်။
ပရိုတင်းအကြောင်း အသေးစိတ်လေ့လာချင်လို့ဖြစ်ဖြစ် ပရိုတင်းကြွယ်ဝတဲ့ meal တွေကို ကိုယ်တိုင်ချက်ပြုတ်စားချင်လို့ ဟင်းချက်နည်းကို ရှာဖွေနေတယ်ဆ်ုရင်တော့ Chloe ကိုယ်တိုင်ရေးသားပြုစုထားတဲ့ high protein and healthy meal meal အမျိုး ၄၀ ကျော် ပါဝင် ဟင်းချက်နည်းစာအုပ်ကို
မှာဝယ်ယူနိုင်ပါတယ်။ မြန်မာလိုရေးသားပြုစုထားပါတယ်။
အားလုံးဘဲ ကျန်းမာလှပတဲ့ ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။📚💪🥰