တကိုယ်လုံးကြွက်သား
၄ ပတ်
ပုံသွင်းရန်
Revive program ဟာ ဆိုရင် ခန္ဓာကိုယ်လှုပ်ရှားမှုလွယ်ကူအောင် Recovery Process မြန်အောင် Strength Training နဲ့ Basic Pilates Movement တွေကို အခြေခံပြီး ပေါင်းစပ်ထားတဲ့ (၄) ပတ်ကြာ Body Restoration program တစ်ခုပဲဖြစ်ပါတယ်။
တစ်နေ့မှ မိနစ်(၃၀) တစ်ပတ် (၃) ရက်နဲ့ (၄) ပတ်တာကြာမြင့်မယ့် ဒီ Program ဟာ အိမ်မှာရှိတဲ့ လူကြီးမိဘတွေ အတွက် အထိုင်အထပြုလုပ်ရလွယ်ကူပြီး အရိုးအဆစ်ကြံ့ခိုင်ဖို့အတွက် သင့်တော်တဲ့ training တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သားသမီးမွေးထားတဲ့မိခင်တွေ အတွက်လည်း Pelvis floor သန်မာလာစေပြီး recovery လည်းမြန်ဆန်စေမှာပါ။ Strength Training ကို ပိုမိုထိရောက်စေဖို့ Mobility နဲ့ Recovery လိုအပ်နေသူတွေ အတွက်လည်း ထည့်သွင်း Train သင့်တဲ့ Program တစ်ခုဆိုလည်း မမှားပါဘူး။ ဒီ Program မှာ ဆိုရင် ခုန်ရတဲ့ လေ့ကျင့်ခန်းတွေ လုံးဝ မပါပဲ ပေါ့ပါ့ပါးပါးနဲ့ အိမ်မှာတင် ကစားရ လွယ်ကူအောင် စနစ်တကျ ရေးဆွဲပေးထားတဲ့ Program ဘဲဖြစ်ပါတယ်။
Equipment အနေနဲ့ Dumbell တစ်စုံ ၊ foam roller ၊ Stability ball နဲ့ ကုလားထိုင် သာလိုအပ်ပြီး တစ်ပတ် (၃) ရက်လောက်သာ train ရမှာဖြစ်တဲ့အတွက် အလုပ်များတဲ့ အမျိုးသမီး / မိခင်တိုင်းအတွက် Train သင့်တဲ့ Program တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် သတိပေးချင်တာလေး တစ်ခုကတော့ သားသမီးမွေးပြီး အနည်းဆုံး ၆-၈ လနောက်ပိုင်းမှာသာ ကစားကြပါရန် အထူးသတိပေးလိုပါတယ်။
By signing up you have agreed to thechloecondition.com’s Terms & Conditions and Privacy Policy