Cellulite ဆိုတာ ဘာလဲ? Cellulite တွေအရှင်းပျောက်သွားအောင် ပြုလုပ်နိုင်လား?
ဒီနေ့မှာတော့ Chloe က အမျိုးသမီးတွေ ရဲ့ လက်မောင်း၊ ပေါင်၊ ကျောပြင် စတဲ့နေရာတွေမှာ အဖြစ်များတဲ့ cellulite တွေအကြောင်း နည်းနည်းရှင်းပြချင်ပါတယ်။ဒီ cellulite အကြောင်း မရှင်းပြခင် Chloe ရဲ့ အခုပြထားတဲ့ ဓာတ်ပုံလေးတွေကို ယှဉ်ကြည့်ရင်း ကိုယ်တွေ့ back story လေးကိုရှင်းပြမယ်နော်။ ဓာတ်ပုံအဟောင်းလေးတွေကို မနည်းပြန်ရှာတော့ ဘောင်းဘီတိုနဲ့ ကမ်းခြေမှာ ဝတ်ထားတဲ့ ပုံလေးတွေဆိုလို့ ဒီ resolution မကောင်းတဲ့ ပုံလေးတွေသာတွေ့ပါတယ်။ Resolution က မကောင်း၊ lighting ကလည်းမမှန်တော့ cellulite တွေကို သိပ်မမြင်ရပေမယ့် မှတ်မိတယ်၊ Chloe အဲ့တုန်းက အဲ့လို ဘောင်းဘီတိုလေး ဝတ်ပြီး ဓာတ်ပုံရိုက်ဖို့ cellulite တွေ အသားရေမညီတာတွေ ကြောင့် insecure ဖြစ်လို့ ဒီလို ဘောင်းဘီတိုနဲ့ လက်ပြတ်အင်္ကျီလေး ဝတ်ပြီး ရေထဲမဆင်းခင် စိတ်ပိုင်းဆိုင်ရာ တော်တော်လေးတော့ ပြင်ဆင်ခဲ့ရတယ်ဆိုတာ။ 🙁
ဘာဘဲဖြစ်ဖြစ် Chloe ကိုယ်တိုင် ဒါတွေ အတွေ့အကြုံရှိခဲ့တော့ ဒီနေ့မှာ warriors တို့ကို Chloe လေ့လာထားတဲ့ cellulite နဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေမျှဝေပါရစေ။
လူလတ်ပိုင်း အမျိုးသမီးတော်တော်များများ က Chloe ကို အမြဲ message တွေပို့ပြီးမေးကြတယ်။ အပြင်တွေဘာတွေထွက်ရင် စကပ်တိုလေးတွေ၊ ဂါဝန်လှလှလေးတွေ ၊ ဘောင်းဘီတိုလေးတွေ ဝတ်ချင်ပေမယ့် cellulite ကြောင့် စိတ်ညစ်နေရတယ်ဆိုတာ၊ ဘယ်လိုလုပ်သင့်လဲပေါ့။
Chloe တို့ အမျိုးသမီး အများစုမှာ အသက်အရွယ်အရသော်လည်းကောင်း ၊ နေ့စဉ်နေထိုင်မှုပုံစံအရသော်လည်းကောင်း ၊ ဟော်မုန်းပြောင်းလဲမှု၊ မျိုးရိုးဗီဇအရသော်လည်းကောင်း ဗိုက်ပူလာတာ ခါးတုတ်လာတာ ပေါင်တွေ လက်မောင်းတွေမှာ အဆီတွေစုပြီး ပျော့တွဲလာတာ မျိုး ကြုံတွေ့ရလေ့ရှိပါတယ်။ အဲ့ဒီ့ထဲကမှ တင်ပါး၊ပေါင်အနောက် တဝိုက်မှာ ပေါ်လာတတ်တဲ့ Cellulite လကတော့ မိန်းကလေးအများစု အမြဲ ကြုံရလေ့ရှိပါတယ်။ Cellulite တွေဟာဆိုရင် ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ဖြစ်ပေါ်တတ်တာကြောင့် ဒီနေ့ပြောချင်တာက ဒီအရာအတွက် စိတ်ညစ်နေဖို့ထက် သဘာဝတရားကြီးကိုမလွန်ဆန်ကြဘဲ လူတိုင်းလူတိုင်းမှာ cellulite ဆိုတာ ရှိကြတယ်ဆိုတာ သိထားဖို့ လက်ခံထားဖို့ပါဘဲ။
ဒါဆို Cellulite ဆိုတာဘာလဲ။
Cellulite ဆိုတာက တော့ အတိုချုံးပြောရရင် အရေပြားအောက်မှာ ခိုအောင်းနေတတ်တဲ့ Fat cell တွေပါဘဲ။ ကိုယ်ခန္ဓာမှာ အဆီထုတက်လာတာနဲ့အမျှ ဒီ fat cell တွေဟာ တစ်ဖြည်းဖြည်း အရွယ်အစား ထုထည်ကြီးလာ၊ စုပေါင်းလာပြီတော့ အပေါ်ယံအရေပြားပေါ်မှာ အဖုအထစ်၊ အသားတွန့်သလို လိပ်ခေါက်တက် လာတော့ cellulite အနေနဲ့ မြင်ရတာဘဲဖြစ်ပါတယ်။
အသက် ၂၁ နှစ် နဲ့ အထက် အမျိုးသမီးများ ရဲ့ ၈၀ ရာခိုင်နှုန်း လောက် မှာ ဖြစ်ပေါ်လေ့ရှိပြီး အသက်အရွယ်ကြီးသူတွေ၊သာမန်ကိုယ်အလေးချိန်ထက်များနေသူတွေ၊မျိုးရိုးဗီဇ၊ တစ်ရူးနဲ့ပတ်သတ်တဲ့ရောဂါရှိသူတွေ၊ကော်လဂျင်အလုံအလောက်မရရှိသူတွေ၊ခြေထောက်သွေးလည်ပတ်မှုမကောင်းသူတွေ၊အထိုင်များသူတွေ၊အရေပြားပါးလွှာသူတွေ မှာ ပိုမို အဖြစ်များတတ်ပါတယ်။
ဒါဆို ဒီ cellulite အတွက် ဘယ်လေ့ကျင့်ခန်းတွေက အကောင်ဆုံးလဲ?
ကိုယ်ခန္ဓာအောက်ပိုင်း အသားပေးလေ့ကျင့်ခန်းတော်တော်များများသည် ပေါင်ရှေ့၊ ပေါင်နောက်၊ ပေါင်အတွင်းသားနဲ့ ခြေသလုံး စတဲ့ နေရာတွေကို အဆီသိသိသာသာ ကျစေပြီး အလေးထည့်ဆော့တာနဲ့အမျှ ကြွက်သားတက်၊ အရေပြား တင်းရင်းလာစေတာကြောင့် cellulite ကိုလျော့နည်းပေးတာကိုလည်း တွေ့ရပါတယ်။ အောက်ပိုင်းလေ့ကျင့်ခန်းတွေထဲကမှ squats၊ jump squat ၊ Step-ups ၊ Glute/Leg Kickbacks ၊ reverse lunges ၊ lateral lunges ၊ curtsy lunge ၊ split squats တို့ကို system ကျကျ၊ နည်းစနစ် မှန်မှန်နဲ့ ဆော့ ကစား ပေးမယ်ဆိုရင်တော့ Cellulite ဆိုတဲ့ အတွင်းကအဆီထုကြောင့်ဖြစ်တဲ့ တွန့်ခေါက်နေတဲ့ အရေပြားကို သိသိသာသာ ချောမွတ်သွားစေမှာ အမှန်ပါ။
ဒါ့အပြင် စက်ဘီးစီးခြင်း၊ ကခုန်ခြင်း ၊ တောင်တက်ခြင်း ၊ ပြေးခြင်း ၊ ရေကူးခြင်း နဲ့ လမ်းလျောက်ခြင်းစတဲ့ aerobic လေ့ကျင့်ခန်းတွေ တို့ ကို ပုံမှန် ပြုလုပ်ပေးမည်ဆိုလျှင်လဲ cellulite ကို အတန်အသင့် တားဆီးပေးပါတယ်နော်။