လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လုံလောက်စွာအနားယူခြင်းနှင့် body ကို ပြန်လည်ကောင်းမွန်ဖို့ အချိန်ပေးခြင်းဟာ ကိုယ်ပြုလုပ်နေတဲ့ လေ့ကျင့်ခန်း Training ကို အထိရောက်ဆုံး အထောက်အကူပြုပေးပါတယ်
လုံလောက်စွာ အနားမယူပါက အိပ်စက်ချိန်မမှန်တာ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ် ။ မိမိ body က ကျန်းမာဖို့နဲ့ ဖွံ့ဖြိုးဖို့အတွက် မဖြစ်မနေကြိုးစားနေချိန်မှာ အိပ်စက်ခြင်းကလဲ body ပြန်လည်အားပြည့်ဖို့အတွက် အရေးကြီးေသာ အရာတစ်ခုပါ ။လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ကျန်းမာစေပြီး အစား စားခြင်စိတ်နဲ့ ဟော်မုန်းထိန်းညှိပေးဖို့အတွက် လိုအပ်သလို 1ရက်ကိုအနည်းဆုံး 7နာရီမှ 10နာရီထိ အိပ်စပ်သင့်ပါတယ်
Body နဲ့ ကြွက်သားများက လေ့ကျင့်ခန်းလုပ်နေစဉ် နာကျင်သဖြင့် ပြန်လည်ကောင်းမွန်ရန်အတွက် လုံလောက်စွာအနားမယူပါက လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိစေရုံသာမက လေ့ကျင့်ခန်းမညီမျှမှုကြောင့် အလွယ်တကူထိခိုက်ဒဏ်ရာရနိုင်ပါတယ်
လေ့ကျင့်ခန်းအလွံအကျွံလုပ်ခြင်းကစိတ်ရောကိုယ်ပါ မောပန်းစေပြီး မိမိ body ကို ဂရုမစိုက်ဘဲ ဆက်လက်ပြုလုပ်ပါက မိမိခံစားချက်ကိုလဲထိခိုက်စေသလို စွမ်းအင်ကုန်ခမ်းလာနိုင်တာမို့ မဖြစ်မနေ အနားယူမှအဆင်ပြေတော့မည်ဟု ခံစားရလာနိုင်ပြီး လေ့ကျင့်ခန်းပြုလုပ်ချင်စိတ်လည်း လျော့ကျလာနိုင်ပါတယ်
အနားယူဖို့အတွက် အချိန်လုံလောက်စွာပေးခြင်းဟာ သင့်ရဲ့ကြိုးစား အားထုတ် မှုကို အကောင်းဆုံးဖြစ်စေပြီး ထိခိုက်ဒဏ်ရာလဲရနိုင်ခြေကို အနည်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။
ဒါ့ကြောင့် မိမိbody ကို ကြင်ကြင်နာနာ နဲ့ အကောင်းဆုံးဖြစ်အောင် အနားယူပြီး ကျန်းမာအောင် နေထိုင်ပါ။