အသက်ကြီးလာမှာကို မတုန်လှုပ်ဘူး။ မကြောက်တော့ဘူး။ ကိုယ်ကိုကိုယ် တန်ဖိုးထားတတ်တဲ့ အမျိုးသမီးတွေအတွက် အမှန်တော့ အသက်ဆိုတာ တစ်ကယ်ကိန်းဂဏန်းတစ်ခုဆိုတာ တစ်ဖြည်းဖြည်းလက်ခံလာတယ်။ 😍
Mindset and Self care , Health care က အသက်ပြန်ငယ်သွားတယ်လို့ ထင်ရလောက်အောင် ပြောင်းလဲပေးနိုင်တယ်။ ဘာ Surgery မှ လည်းမလိုဘူး။ ဘာကြောင့်လဲ ဆိုတဲ့ Chloe အတွေးလေးကို သိချင်ရင် ဒီစာလေးကို အဆုံးထိဖတ်ပေးနော် 🤍
မနက်က Sunday အိပ်ယာနိုးတော့ အရင်က memory ပုံဟောင်းတွေ တက်လာတာနဲ့ အမှတ်တမဲ့ အခုလက်ရှိအသက်အရွယ်ပုံနဲ့ ပြန်ယှဉ် ကြည့်မိတယ်။ အသက် ၃၀ ကျော်ပြီဆိုတော့ “ငါဘယ်လောက်ရုပ်ကျသွားပြီလဲပေါ့” ။ 🥺 “Age is just a number” ဆိုတာတစ်ကယ်ပါ။ ကိုယ်ရဲ့ ဖြစ်တည်မှု၊ ကြိုးစားမှုရလာဒ်၊ ရှေ့လျောက် အောင်မြင်မှုတွေရရှိဖို့ potential၊ ကျန်းမာရေးလိုက်စားမှု ၊ ဒါတွေပေါ်မူတည်ပြီး အသက်အရွယ်ဆိုတာ အမှန်တော့ ကိုယ့်ရဲ့ ရွေးချယ်နေထိုင်တဲ့ lifestyle ၊ စိတ်ထားတတ်မှု အပေါ်မှာဘဲ မူတည်တယ်။
- ပတ်ဝန်းကျင်က အသက်ကြီးလာလို့ ဒီလိုမနေရဘူး။အသက်ကြီးလာလို့ အမျိုးသမီးတွေ တန်ဖိုးကျလာတယ်။အသက်ကြီးလာလို့ လုပ်ဆောင်နိုင်စွမ်း အရည်အသွေး ကျလာတယ်။
- အသက်ကြီးလာလို့ ဒီလိုမဝတ်သင့်ဘူး။
- ဒီနေရာမသွားသင့်ဘူး။
- အသက်ကြီးမှ ဘာလို့ အားကစားတွေလုပ်နေတာလဲ။အသက်ကြီးမှာ ဘာကြောင့်လှချင်နေတာလဲ။
- အသက်ကြီးမှ ဝိတ်မနေလဲ အလကားပါ။
စတဲ့ ဝေဖန်ပြောဆိုမှုတွေကို လစ်လျူရှုပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုက လက်ခံစေချင်တယ်။ ကိုယ်စိတ်ချမ်းသာမယ်။ ကိုယ့်ကြောင့်သူများလည်း ဒုက္ခမရောက်ဘူးဆို ပျော်သလိုနေခွင့်ရှိတယ်။ အမြဲ တိုးတက်ပြီး improve ဖြစ်နေစေဖို့လည်း အဆက်မပြတ်ကြိုးစားစေချင်တယ်။
ပြီးတော့ Chloe က Mindset ပိုင်းတင်မကဘဲ Fitness ပိုင်းဆိုင်ရာကလည်း အသိပညာ တစ်ချို့မျှ ဝေချင်ပါတယ်။ 💪🏽
ခုမှ Workout စလုပ်ဖို့ ဒီအသက်အရွယ်နဲ့ဆို အဆင်ပြေပါ့မလား။
အသက်အရွယ်အရ အလေးအပင်တွေ မနိုင်မယ်လို့ မထင်ဘူး။
အရိုးနဲ့ ကြွက်သားတွေကလည်း တချိန်တုန်းကလို ထင်သလောက် Strong မဖြစ်တော့တဲ့အတွက် Injury တွေများဖြစ်လာနိုင်မလား။
စသဖြင့် ဒီလိုမေးခွန်းတွေကို အသက်အရွယ်ရှိတဲ့သူတွေတချို့ Chloe ကိုလာလာမေးတတ်ကြလို့ Chloe စာလေးတချို့ Sharing လုပ်ပေးလိုက်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ You are never too late to start working out ပါ။
Chloe တို့အနေနဲ့ ဘယ်အသက်အရွယ် အပိုင်းအခြားမှာပဲမဆို Active Lifestyle ဖန်တီးရယူဖို့ရာအတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အသက်အရွယ် ဘယ်လောက်ရှိပြီဆိုတာကို အာရုံမထားဘဲ ဒီအသက်အရွယ်မှာ ဘယ်လို လှုပ်ရှားမှုတွေပြုလုပ်နိုင်မလဲဆိုတာကို တွေးပြီး Action လုပ်ရမှာဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ အလေးမတာ strength training စတဲ့ ခန္ဓာကိုယ်ကို active ဖြစ်နေမယ့် လှုပ်ရှားမှုလေးတွေ ကို နိုင်သလောက် တနေ့မှာ (၁၀)၊ (၁၅) မိနစ်စီပြုလုပ်ပေးခြင်းအားဖြင့် နှလုံးအားကောင်းလာမယ်၊ အမောခံနိုင်လာမယ်၊ အရိုးအဆစ်တွေ သန်မာလာမယ် စသဖြင့် အကျိုးကျေးဇူးတွေအများကြီးရှိသလို တစ်ဖက်မှာလည်း Body Beauty လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအဆစ်ရအောင်လည်း ထုဆစ်နိုင်ပါသေးတယ်။
ဒါပေမယ့် ဒီနေရာမှာ အသက်အရွယ်တစ်ခုရောက်မှ ခန္ဓာကိုယ်လှချင်ကြံ့ခိုင်ချင်တဲ့ အမျိုးသမီးတွေ ပြောလေ့ရှိတဲ့ အရာတစ်ခုရှိပါတယ်။ ဒီချိန်ကြီးကြမှ ပြောင်းလဲလာပါဦးမလား။ ဆိုတာမျိုးပေါ့။ တခြားသူတွေ ကိုယ့်လိုအသက်အရွယ်မှာပဲ Fit ဖြစ်နေကြတဲ့သူတွေ၊ ဘာ Treatment မှမယူပဲ ကျန်းမာလှပနေကြတဲ့သူတွေ ရှိနေသ၍ ကိုယ်လည်း ဖြစ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်။ အသက်အရွယ်ငယ်လို့ အသယ်အရွယ်ရလာလို့ ဆိုပြီး အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့။ အသက်အရွယ် အပိုင်းအခြားတစ်ခုဆိုတာ အတားအဆီးတစ်ခုမဟုတ်ဘူးဆိုတာ နားလည်လက်ခံလာတဲ့တနေ့ ပြောင်းလဲမှုကို မျက်ဝါးထင်ထင် တွေ့လာရမှာပါ။
Don’t let your age as a barrier. Never 👎🏽 Chloe အနေနဲ့လည်း လူလတ်ပိုင်းထဲရောက်လာတယ် ဆိုပေမယ့် တနေ့ထက်တနေ့ စိန်ခေါ်မှု အသစ်တွေ၊ More Heavy weight တွေ၊ Training အသစ်အသစ်တွေနဲ့ ကိုယ့်ကိုယ်ကို Challenge လုပ်နေဦးမှာပါ။ Chloe အသက် ၂၃ လောက်ထဲက အားကစား လိုက်စားခဲ့ပေမယ့် ကိုယ့်ရဲ့ရွေးချယ်ခဲ့တဲ့ အားကစားအမျိုးအစား၊ Lifestyle , training program, diet စတဲ့ အရာတွေ အသိပညာအားနည်းခဲ့တဲ့အတွက် ကိုယ်ဖြစ်ချင်တဲ့ body goal ကို မြန်မြန်ဆန်ဆန်ရောက်မလာခဲ့ဘူး။ အခုဆိုရင်တော့ လမ်းပြပေးမယ့် fitness, wellness , mindset coach တွေ educator တွေကြောင့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ပိုလို့တောင်လွယ်ကူပါသေးတယ်။
Chloe အခုလက်ရှိနေထိုင်တဲ့ Healthy Habits တွေကတော့ရိုးရှင်းတယ်။
- ရေပုံမှန်သောက်တယ်။
- သဘာဝ organic အစားအစာတွေကို ဦးစားပေးစားတယ်။
- အိမ်မှာရော၊ Gym မှာရော အားကစားပုံမှန်လုပ်တယ်။
- အားကစားထဲမှာမှ အသက်ကြီးလာလေ အသားအရည် ပျော့တွဲတာမျိုးကို ကာကွယ်နိုင်အောင် Strength Training ကို ဦးစားပေးဆော့တယ်။ HIIT/ Cardio ကို အသင့်အတင့် ဆော့တယ်။
- ဆေးလိပ်ဆို မထိဘူး။
- Alcohol အပြင်းတွေမသောက်ဘူး။ တစ်လလောက်မှ ကို နှစ်ခါလောက် Social events တွေမှာ Cocktail လောက်ဘဲ အလွန်ဆုံး သောက်ဖြစ်တယ်။
- နေ့တိုင်း Sunscreen လိမ်းတယ်။
- အသက်ကြီးလာတော့ တာဝန်တွေ လုပ်ငန်း stress တွေကြောင့် အိပ်ရေးကောင်းကောင်းရဖို့ ခက်ခဲလာတယ်။ ဒါပေမယ့် ၆ နာရီလောက် အနည်းဆုံးပြည့်အောင် ကြိုးစားအိပ်တယ်။
- စိတ်ကျန်းမာရေးအတွက် အရမ်း level မြင့်တယ့် တရားထိုင်တာမျိုးမဟုတ်ပေမယ့် ဝင်လေ ထွက်လေ မှတ်တယ်။ သဘာဝတရား nature နဲ့ expose လုပ်တယ်။
အသက် ၂၀ ကျော်တုန်းကထက် ၃၀ ကျော်အရွယ်ကို ကိုယ့်ကိုကိုယ်ပို သဘောကျမိတယ်။ ၄၀ ကျော်ရင်လည်း ကိုယ့်ရဲ့ ၃၀ ကျော် အရွယ်က နောက်ကျ ကျန်ခဲ့လောက်အောင် စိတ်ရော လူရော ကျန်းမာနေအောင် ဆက်ပြီးကြိုးစားသွားမယ်။ Chloe ရဲ့ Warriors တွေရော။ Chloe နဲ့အတူ ကျန်းမာရေး လိုက်စားရင်း စိတ်ရော လူရော လှဖို့အရေး အတူတူရှေ့ဆက်သွားကြမှာလား 😘