Hey there, warriors, Coach Chloe here!
Fitness Journey တစ်ခုစတင်တဲ့အခါ Chloe တို့တွေ အနည်းအများ ကြောက်စိတ်တွေဝင်လေ့ရှိတယ်။ “ငါလုပ်မှ လုပ်နိုင်ပါ့မလား”ဆိုပြီးတော့ပေါ့။
လူတိုင်းက အပြောင်းအလဲ “ changes မှန်သမျှကို ကြောက်တတ်ကြတယ်။ ကောင်းသောပြောင်းလဲခြင်း ဆိုးသောပြောင်းလဲခြင်: ဘယ်ဟာမဆို “ပြောင်းလဲပြီ” လို့ဆိုလိုက်ထဲက သိစိတ် မသိစိတ်က ကြောက်စိတ် စိုးရိမ်စိတ် အလိုလိုပေါ်လာတတ်တာသဘာဝပါ။
FITNESS JOURNEY ကို စတင်ခါစမှာ လည်း ဒီလိုဘဲ။ တစ်ချိန်က Chloe အပါအဝင် Beginners တွေလည်း ခံစားကြရမှာပါ။ နေသားကျပြီးသား lifestyle တစ်ခုလုံး ပြောင်းလဲဖို့ဆိုတာ လွယ်တဲ့ အရာမှ မဟုတ်တာ။ 🥺
ဒီလိုနဲ့ အကြောက်တရားတွေ စိုးရိမ်မှုတွေကိုကျော်ပြီးနောက်မှတော့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ရင်း Fitness အကြောင်း တဖြည်းဖြည်း ပိုပိုနားလည်လာတယ်၊ Fitness ရဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားရမယ်။ Fitness ဟာ Lifestyle ဖြစ်လာတယ်။ ဒါနဲ့ပဲ ကိုယ်လိုချင်တဲ့ Goals တွေထိရောက်မယ့် လမ်းတွေမြင်လာတယ်။
ဒါကြောက့် Warriors တို့အနေနဲ့ ပထမဆုံးခြေလှမ်းစတင်ဖို့သာ လိုတာပါ။ ဒီခြေလှမ်းကိုလည်း ရဲရဲကြီးလှမ်းလိုက်ဖို့ Chloe ကတော့ ၁၀၀% အားပေးတယ်။ ဘာကြောင့်လဲ?
Fitness Lifestyle က ပင်ပန်းပေမယ့် ရလာဒ်တွေ ရလာရင် တစ်သက်စာ တန်တယ်။ တန်ဖိုးလည်းရှိတယ်။ ဘဝမှာ နေရတာ ထိုက်တန်တယ် ဆိုတဲ့ positive mindset တွေရတယ်။
ဒါကြောင့် ဒီနေ့မှာ sharing လုပ်ပေးချင်တဲ့ blog လေးကတော့ warriors အနေနဲ့ Fitness Journey ကိုခြေလှမ်း “စ” လှမ်းဖို့ Overthinking တွေဖြစ်ပြီး စိုးရိမ်မှုတွေ ဖြစ်နေသေးရင် ဘယ်လိုနည်းလေးတွေနဲ့ ကျော်ဖြတ်ရမလဲဆိုတာကို Chloe ရဲ့ website လေးမှာ မျှဝေလိုက်ပါတယ်။
(1) အကြောက်တရားသည် အလိမ်အညာတစ်ခုမျှသာ
မိမိစိတ်ထဲမှာ ရှိတဲ့ အကြောက်တရားက လုပ်နိုင်မှာ မဟုတ်ဘူး ။ သန်မာမှာ မဟုတ်ဘူး။ စည်းကမ်းလိုက်နာနိုင်မှာ မဟုတ်ဘူးဆိုပြီး အမြဲပြောဆိုနေတက်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ Warriors တို့အနေနဲ့ ပထမဆုံးခြေလှမ်းစတင်ဖို့သာ လိုအပ်တာပါ။ အမြဲမှတ်ထားရမှာက မိမိ တယောက်ထဲ Beginner အနေနဲ့ စတင်ခဲ့တာမဟုတ်ပါဘူး။ အားကစားသမားတိုင်းက Beginner အနေနဲ့ပဲ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
(2) မပြည့်စုံသေးတာကို စိတ်အားမငယ်ပါနဲ့။
အခုမှ စတင်ပြီး Fitness journey ကို စတင်လျှောက်လှမ်းတဲ့ warrior တို့အနေနဲ့ Knowledge တွေ မပြည့်စုံသေးတာ၊ ကစားနေတဲ့ လေ့ကျင့်ခန်းနဲ့ ပတ်သတ်ပြီး နားမလည်တာတွေ၊ မသိသေးတာက စိတ်ဓတ်ကျပြီးအရူံးပေးရမဲ့ ပြသနာမဟုတ်ပါဘူး။ 100% အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ မပြည့်စုံမှုသည်သာ စစ်မှန်သောအလှတရား ဖြစ်နေလို့ပါ။ အမှားတိုင်းဟာ သင်ယူပြီး တိုးတက်ဖို့အတွက် အခွင့်အရေးပါပဲ။ ဒါကြောင့်အမှားတွေကို လက်ခံပြီး ရှေ့ကို ဆက်လျှောက်ပါ။
(3) Progress Over Perfection
အားလုံးကို Perfect ဖြစ်အောင် ကြိုးစားခြင်းကို ရပ်လိုက်ပါ၊။ ဒါဟာ အဆုံးမရှိတဲ့ တိုက်ပွဲတစ်ခု ဖြစ်နေနိုင်ပါတယ်။ အဲဒီအစား ကိုယ့်ရဲ့ fitness Journey မှာ ရရှိလာတဲ့ တိုးတက်မှုကို အာရုံစိုက်ပါ။ မနေ့ကထက် ဒီနေ့မှာ ပိုကြာကြာ ပြေးနိုင်ခြင်း သို့မဟုတ် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာတွေကို ရွေးချယ်နိုင်လာခြင်းစတဲ့ ကိုယ့်ရဲ့ Achievement တွေက ဘယ်လောက်ပဲ သေးငယ်နေပါစေ။ ဒါတွေက အချိန်တစ်ခုရောက်လာတဲ့အခါ ကြီးမားတဲ့ အောင်မြင်မူကို ဆောင်ကျဥ်းပေးနိုင်မှာပါ။ Progressing က မှန်ထဲမှာ ကြည့်ရင် အမြဲတမ်းမြင်နေရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ တခါတလေတော့ အဲ့ဒါက မိမိရဲ့ Strength လဲဖြစ်နိုင်တယ်။ တည်ဆောက်ထားတဲ့ သက်လုံလဲ ဖြစ်နိုင်သလို တိုးတက်လာတဲ့ ယုံကြည်မူလဲ ဖြစ်နိုင်ပါတယ်
(4) စတင်ခြင်းရဲ့ ခွန်အား
warriors တို့ရဲ့ Fitness journey မှာ အရေးကြီးဆုံးအစိတ်အပိုင်းကတော့ စတင်ပြုလုပ်ဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ မရပ်တန့်သရွေ့ မည်မျှ နှေးကွေးနေပါစေ အရေးမကြီးပါဘူး။အဲဒီပထမအဆင့်ကို ကျော်ဖြတ်နိုင်သွားပါက နောက်တစ်ဆင့်ကို သွားနိုင်ဖို့ ပိုလွယ်လာပါလိမ့်မယ်။ မိမိရဲ့ လုပ်ရပ်တွေက ခိုင်မာပြီး ဆုံးဖြတ်ချက် ပြတ်သားနေရင် ကြောက်စိတ်ကို လျော့ပါးလာစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့အတွက် တုံဆိုင်းမနေဘဲ workout ဖိနပ်ကို အခုပဲ ဝတ်ပြီး အားကစားရုံကိုသာ သွားလိုက်ပါ။ စတင်လိုက်တဲ့အခိုက်အတန့်က warrior တို့ရဲ့ကြောက်ရွံ့မှုကို အနိုင်ယူနိုင်သည့်အချိန်တစ်ခုဖြစ်ပါသည်။
(5) Support system
အပြုသဘောဆောင်သော လွှမ်းမိုးမှုများဖြင့်သာ မိမိကိုယ့်ကို ဝန်းရံထားပါ။ စိတ်တူကိုယ်တူနဲ့ သွားတဲ့ Fitness လမ်းကြောင်းမှာ Motivation တွေ Positive energy တွေနဲ့ ပြည့်နှက်နေတဲ့ Community မှာ ပါဝင်ပါ။ Gym မှာလဲ မိတ်ဆွေ အပေါင်းအသင်းများဖွဲ့ပြီး အတူတူလေ့ကျင့် ကစားပါ။ စိတ်တူကိုယ်တူ မိတ်ဆွေတွေက မိမိကို အားပေးမယ်၊ လဲကျတဲ့အခါ တွေမှာ လက်တွဲခေါ်ပြီး အားပေး Support လုပ်ရင်း ဒီခရီးမှာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို ခံစားရပြီး ပျော်ရွင်လာမှာပါ။
အကြောက်တရားဆိုတာက Fitness Journey မှာ အတားအဆီးတစ်ခုမျှသာဖြစ်ပြီး ရှေ့ဆက်မလျှောက်နိုင်အောင် လမ်းပိတ်ဆို့မှုမဟုတ်ပါဘူး။ ကျရှုံးမှာကြောက်ပြီး စတင်ဖို့ကိုတော့ မကြောက်ပါနဲ့။ ဒါကြောင့် အသက်ပြင်းပြင်းရှူပြီး ကိုယ့်ကိုကိုယ် သတိပေးပါ၊ မကြောက်ပါနဲ့။