Hey Warriors,ဝိတ်တက်လာမှာကို ကြောက်မနေပါနဲ့ ။❌ ဒါဟာ ကိုယ့်ရဲ့ Fitness Journey မှာ တိုးတက်လာမှုကို ပြနေတဲ့ (Improving Progress) တစ်ခုဖြစ်နေနိုင်တယ်ဆိုတာ Warriors တို့သိကြလား?🤔 အခုပြထားတဲ့ ပုံလေးတွေက လွန်ခဲ့တဲ့ 9 နှစ် / 3 နှစ် /2 နှစ် နဲ့ 1 နှစ် ကပုံလေးတွေနဲ့ ဒီနေ့ လက်ရှိ ပုံလေးနဲ့ ယှဉ်ပြထားတာပါ။ ဒီလို ပြောင်းလဲလာတဲ့ သန်မာလာတဲ့ ကိုယ့်ကိုကိုယ် မြင်လိုက်ရတဲ့အခါ Chloe ကို့ကိုယ်ကို ဂုဏ်ယူမိတယ်။ “ဒီလောက်ထိ ငါရောက်လာခဲ့တာပဲ ဆိုပြီး” Chloe တို့ ပတ်ဝန်းကျင်မှာ ကြားနေကျ စကားလေး၊ Chloe ကိုယ်တိုင် Clients တွေဆီက ကြုံတွေ့နေဖြစ်တဲ့ နေရတာတော့ “သိသိသာသာ ပေါ့ပါးလာတယ်။ ဒါပေမယ့်ပေါင်ချိန်ကြည့်တာ ဝိတ်တော့မကျသွားဘူး” ဒါလေးတွေပေါ့။ ၁၀စုနှစ်တစ်စု နီးပါး Chloe ကိုယ်တိုင် ဒီ fitness journey အစမှာပေါ့ နေ့တိုင်းပေါင်ချိန်စက်ပေါ်တက်တယ်။ ချိန်တယ်။ ဝိတ်နည်းနည်းကျသွားရင် ပျော်တယ်။ တက်လာရင် စိတ်ညစ်ရော။ ဒီတော့ အားကစားတွေ cardio တွေ ဇွတ်လုပ်၊ အစားလျော့စား၊ ထမင်းဖြတ် စတဲ့ Under eating နဲ့ Over training တွေလုပ်ပြီး ပိန်ဖို့အတွက်ပဲ ရုန်းကန်နေတာပါ။ အရင်က Chloe နဲ့ အခုလို အဖြစ်တူကြတဲ့ သူတွေရော ပါကြလား?😥 ဒါမဲ့ ခုတော့ Warriors တွေမြင်တဲ့အတိုင်း ပဲ Chloe ရဲ့ ပြောင်းလဲလာတဲ့ Body Transformation တစ်ခုကို ကြည့်ပြီး Chloe ရဲ့ Fitness ပေါ်မြင်တဲ့အမြင်တွေ အတွေးတွေအားလုံး ပြောင်းလဲလာခဲ့ပြီ။ ခုတော့ Fitness ဆိုတာ Chloe အတွက်တော့ “Strength, Movement နဲ့ Performance” ခွန်အားတိုးလာဖို့အတွက်ပါပဲ။ စိတ်ရော ကိုယ်ရော ပိုကျန်းမာဖို့ အတွက်လည်း ဟုတ်တယ်။ နေ့စဉ်ဘဝမှာ ကျန်းကျန်းမာမာ သွားလာလှုပ်ရှား နိုင်အောင်၊ အဝတ်အစားတွေ ဝတ်ရင် ပိန်ကပ်နေတာထက် တောင့်တောင့်တင်းတင်း ကိုယ်ခန္ဓာ ဖြောင့်စဉ်းကျစ်လစ်နေအောင်၊ အသားအရေကောင်းမွန်အောင်၊ စိတ်ကျန်းမာရေးပိုမိုကောင်းမွန်လာအောင်၊ ဘဝကို positive thinking နဲ့ ဖြတ်သန်းနိုင်အောင်၊ Confident ရှိအောင် စတဲ့ ရည်ရွယ်ချက်များစွာက သူများကြည့်ရင် ပိန်ကပ်နေဖို့ ထက်အများကြီးကို ပိုပါတယ်။ ဒီ ၂၀၂၃ မှာ ၂၀၂၂ ကထက် Chloe ဝိတ်တက်လာတယ်။ ကြွက်သားထုတက်လာတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ပိုကြည့်ကောင်းလာပြီး အပေါ်ပိုင်း ၊ အောက်ပိုင်း ၊ ခါး အချိုးပိုလို့ကျလာတယ်။ ကိုယ်တွင်းထဲက ခွန်အားတွေ တိုးလာတယ်။ အလေးတွေပိုနိုင်လာတယ်။ ပိုကျန်းမာပြီး နေရတာ ပေါ့ပါးလာတယ်။ ပိုပြီး ဖျတ်လတ်တယ်။ အစားအသောက် ရွေးချယ်ခွင့်တွေ ပိုများလာတယ်။ ပမာဏ များများစားခွင့်ရတယ်။ အသားအရေ ပိုကြည်လင်လာတယ်။ ပိုပြီးလည်း ကိုယ်ပိုင်ယုံကြည်မှုတွေတက် ပိုပျော်လာတယ်။ ကဲ ဒါဆိုရင် လေ့ကျင့်ခန်းနဲ့ diet တွေ ကို သေချာ စည်းကမ်းတကျလုပ်နေသရွေ့ ဝိတ်တက်တာကို psycho ဝင်၊ ကြောက်နေကြဦးမှာလား ?🫡
ဒီလို growth ကို Process တစ်ခုလို့ မမြင်ကြတဲ့ သူတွေကို Chloe အကြံပြုချင်တာကတော့
✅ စိတ်ရှည်ဖို့ပါ။ Chloe အတွက် ဒီ Journey ဟာ (၁၀) နှစ်တာ အတွင်း တစ်စတစ်စနဲ့ ပြောင်းလဲမှုတွေ ရရှိလာခဲ့တာပါ။ (၁၀) လ တည်းနဲ့မဟုတ်ပါဘူး။ ပြောင်းလဲမှုတစ်ခု ရရှိဖို့ဆိုတာအချိန်ပေးရတယ်။ စိတ်ရှည်ရတယ်။ Journey တစ်လျှောက် စိတ်ပျော်နေဖို့ အရေးကြီးတာကြောင့် ရရှိခဲ့တဲ့ Lessons တွေ Small wins or Big wins အရာအားလုံးကို Celebrate လုပ်တက်ဖို့ လိုပါတယ်။✅ တွေ့ရာ Workout Video တွေပေါ်အားကိုးလို့မရပါဘူး။
ကိုယ်လိုချင်တဲ့ Body Goals ပေါ်သေချာလေး ရေးဆွဲထားတဲ့ Structured Workout Program တွေအပေါ် ၊ ကိုယ့် Body အကြောင်း သေချာလေး Guideline ပေးနိုင်မယ့် နည်းပြတစ်ယောက်အပေါ် အားကိုးစေချင်တယ်။ ( Chloe ရဲ့ Body Goals အလိုက် စနစ်တကျ ရေးဆွဲပေးထားတဲ့ Fitness Programs တွေကို စိတ်ဝင်စားတယ်ဆိုရင် www.thechloecondition.com မှာ အခုဆို အချိန်မရွေး ဝင်ရောက်လေ့လာ membership ဝယ်ယူနိုင်ပါတယ်။ )✅ ပေါင်ချိန်စက်ပေါ်တက်လိုက်တိုင်း မြင်ရတဲ့ နံပါတ်တွေအပေါ် အာရုံ အရမ်းကြီးမထားပါနဲ့။
ဝိတ်တက်လာတာကို ကြောက်မနေပါနဲ့။ နေ့တိုင်း ပေါင်ချိန်စက်ပေါ်တက်လိုက် တွေ့ရတဲ့ scale ကြောင့် သွေးတက်လိုက်နဲ့ကိုယ်ဖြတ်သန်းနေတဲ့ Journey ဟာ ဘယ်ပျော်ဖို့ ကောင်းတော့မလဲ။ Negative Thoughts တွေ ဝင်လာဖို့ အရမ်းလွယ်တာမို့ scale တွေပေါ်အာရုံမထားပဲ တိုးတက်လာတဲ့ ကိုယ့်ရဲ့ lifestyle နဲ့ စည်းကမ်းလိုက်နာတတ်မှု အပေါ် ဂုဏ်ယူစေချင်ပါတယ်။ ဒါဟာ Transformation ကို ပြတာပဲလေ။ဝိတ်တက်လာတာသည် …
✅ Lean Muscle Mass ကျစ်လစ်တဲ့ ကြွက်သားထု တိုးလာတာဖြစ်နိုင်တယ်။ ✅ Energy level မြင့်လာတာဖြစ်နိုင်တယ်။ ✅ Strength Level တိုး ခွန်အားတွေပိုရှိလာတာလည်း ဖြစ်နိုင်တယ်။ ✅ ဒီတော့ ထိုင်ရထရ သွက်သွက်လက်လက်ပိုဖြစ်လာမယ်။ ဒါတွေဟာ တိုးတက်နေတဲ့ process တစ်ခုပဲဖြစ်ပါတယ်။✅ Nutrition: Fitness Journey မှာ အစားအသောက်ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။
ဒီနေရာမှာ 80/ 20 method ကို အသုံးပြုဖို့ ပြောချင်တယိ။ အာဟာရပြည့်ဝမယ့် whole food မျိုးကို 80% လောက် consume လုပ်ပြီး ကိုယ်အရမ်းကြိုက်တဲ့ soul food မျိုးကို 20% လောက် စားပေးတာမျိုးကို ပြောတာပါ။ ကိုယ့်ကိုကိုယ် ဖိအားပေးတာမျိုးတော့ မဖြစ်စေနဲ့နော်။ ( Nutrition အကြောင်း စိတ်ဝင်စားပြီး အသေးစိတ်လေ့လာချင်သူတွေအတွက်လည်း Chloe က မြန်မာဘာသာဖြစ်ရေးသားပြုစုထားတဲ့ Nutrition Guide နဲ့ ဟင်းချက်နည်း Cook Book လေးထုတ်ထားပါတယ်။ https://thechloecondition.com/checkout-2/ )
ကဲ ဒီတော့ Chloe က ကိုယ့်ရဲ့ journey ကို ဝိတ်တက်လာကြောင်း ဓာတ်ပုံနဲ့တကွ ပြောပြပြီး အကျိုးကျေးဇူးတွေကို လည်းမျှဝေလိုက်ပါတယ်။
ကိုယ်ရောက်ရှိနေတဲ့ Journey မှာ သံသယမဝင်ပဲ ရှေ့ဆက်ဖို့ပဲ တိုက်တွန်းပါတယ်နော်။
ခုမှ Fitness Journey ကို စတင်ဖို့ Ready ဖြစ်နေတဲ့ သူတွေအတွက်လည်း www.thechloecondition.com မှ ကြိုဆိုပါတယ်။ Weight gain, weight loss, cardio program မျိုးစုံကို ရွေးချယ်ရင် အခုဘဲ Chloe နဲ့ training တွေ စကြရအောင်နော်။
Your Coach,
Chloe