၆ လ အတွင်း Chloe ဒီလို ကိုယ်ခန္ဓာ ပြောင်းလဲမှုတွေ ဖြစ်ဖို့ ဘာတွေ ပြုလုပ်ခဲ့လဲ? 🍑💕
ဘယ်ဘက်က ပုံတွေက Chloe ဘာလီမှာ နေတုန်းကရိုက်ထားတဲ့ ပုံတစ်ချို့ပါ။ ညာဘက်ကတော့ အခု ဘန်ကောက်ကို ရောက်နေတုန်း လတ်တလော ရိုက်ထားတဲ့ပုံတွေပါ။ တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာလေ Chloe ကတော့ ကိုယ့်ခန္ဓာကိုယ် ပိုပြီးဂရုစိုက်ဖြစ်တယ်။ ပိုလည်းကြိုးစားရသလို ပိုပြီးလည်း အသိပညာပိုင်းရော အတတ်ပညာပိုင်းရော အတွေ့အကြုံရော စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလည်းတိုးတက်လာတယ်လို့လည်း ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိပြောနိုင်တယ်။
Chloe ဒီလို နှစ်ဝက်လောက်အတွင်းမှာ ကိုယ်ခန္ဓာ သိသိသာသာ ပြောင်းလဲလာဖို့ Chloe ကိုယ်တိုင် လက်တွေ့ သတိနဲ့ ပြောင်းလဲပြင်ဆင်ခဲ့တဲ့ အချက်တွေရှိတယ်။ ဒါကို ဒီနေ့မှာ Warriors တို့နဲ့ နည်းနည်းမျှဝေပါရစေနော်။
Warriors တို့ အနေနဲ့ Body Transformation စတော့မယ်ဆိုပြီး အားကစား စလုပ်ရင်ဘဲ ဖြစ်ဖြစ်၊ လက်ရှိမှာကစားနေရင်ဘဲ ဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့ Body Goal ရဖို့ခက်ခဲနေပြီဆို။ Chloe အခုပြောပြမယ့် အချက်လေးတွေကို သေချာ လိုက်လုပ်ဖြစ်ရဲ့လား ဆိုတာ ကိုယ့်ကိုကိုယ် သေချာပြန်မေးပါ။ Chloe က အမြဲပြတ်ပြတ်သားသားဘဲ ပြောတတ်တာကြောင့် အခုပြောပြမယ့် အရာတွေကို ဖြစ်ချင်ပေမယ် တစ်ကယ်လိုက်မလုပ်နိုင်ခဲ့ရင် Body Transformation နှောင့်နှေးတယ်ဆိုတာ မဆန်းဘူးလို့ ပြောပါရစေ။ 🙏
✅ ARE YOU PRIORITIZING TRAINING QUANTITY OVER QUALITY?
Chloe ကို လူတွေမေးကြတယ်။ တစ်နေ့ဘယ်နှစ်နာရီ Gym ကစားလည်းပေါ့။ ဒါကိုကြည့်ခြင်းဖြင့် ဒီထဲမှာ Quantity ကို ဦးစားပေးတတ်တဲ့ သူတွေရှိနေတာကို သိရတယ်။ Chloe ကိုယ်တိုင် တစ်နေ့ကို အနည်းဆုံး ၄၅ မိနစ်ကနေ ၁:၁၅ မိနစ်ထက်မပိုဘဲ Strength training ကို တစ်ပါတ် ၄ ရက် ( သို့) ၅ ရက် လုပ်ဖြစ်တယ်။ တစ်ချို့ရက်တွေမှာ mobility နဲ့ cardio ထည့်ရင် ဒီထက် နာရီဝက်လောက် ပိုကြာသွားတတ်တယ်။ ဒါပေမယ့် ဒါက တစ်ပါတ် ၂ ရက်လောက်ပါဘဲ။
Chloe ပြောချင်တာက အမှန်ဆို တစ်နေ့ ၃ နာရီလောက် Gym ကစားတဲ့ သူတွေ ရှိသလို မနက် တစ်ကြိမ် ညတစ်ကြိမ် လေ့ကျင့်ခန်း လုပ် ကြတဲ့ သူတွေ လည်းရှိပါတယ်။ ကိုယ့်ရဲ့ Goal ပေါ်မှာ အများကြီးမူတယ်။ ကာယဗလ ပြိုင်ပွဲဝင်ဖို့လား၊ ကျန်းမာရေးအတွက်လား ဒါတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ကိုယ်က lifestyle အတွက် Body Transformation အတွက် long term commitment လုပ်တော့မယ်ဆို Quantity ထက် Training Quality က အရေးကြီးတယ်။ အကြိမ်ရေ ဘယ်လောက်ထက် Reps တစ်ကြိမ်လုပ် လိုက်တိုင်းမှာ ထိရောက်မှုကပိုအရေးကြီးတယ်။ ဒါကို ကွဲကွဲပြားပြားသိရမယ်။ Training Quality ပေါ်မူတည်ပြီး Result ကွာသွားတာပါဘဲ။
✅ ARE YOU TRAINING WITH THE WRONG BODY MOVEMENT PATTERNS AND WRONG PROGRAM?
ကိုယ်လက်ရှိ ကစားနေတဲ့ လေ့ကျင့်ခန်းတွေ program က ကိုယ်ဖြစ်ချင်တဲ့ Goal နဲ့ ကိုက်ညီမှုရှိဖို့လိုတယ်။ ကိုယ့်ရဲ့ အားနည်းနေတဲ့ Body Parts တွေကို တကယ်ထိရောက်ပြီး သိသိသာသာ ပြောင်းလဲစေနိုင်မယ့် လေ့ကျင့်ခန်းကောင်းတွေကို ဆော့သင့်သလောက် မဆော့နေတာ၊ muscle မညှစ်တတ်တာ၊ အလေးတင်သင့်သလောက်မတင်ဘဲ ကိုယ့်ကိုကိုယ် ညှာနေတာ၊ နားချိန်ကို အတိအကျမနားဘဲ လေ့ကျင့်ခန်း တစ်ခုပြီးတစ်ခု ဖြစ်ကတတ်စမ်း ဆက်တိုက်ဆော့တာ ၊ ကိုယ်ကိုယ်တိုင်က program pattern ကို enjoy မဖြစ်နေတာ ဒါတွေ ကလည်း body transformation ကို နှောင့်နှေးစေတဲ့ အချက်တွေပါ။ ဒါကြောင့် Chloe အမြဲပြောသလို ကိုယ်ကိုတိုင်အချိန်ပေးပြီး ကိုယ့်ကိုယ်ခန္ဓာအကြောင်း ကိုယ်ကစားနေတဲ့ Program structure အကြောင်း သေချာလေ့လာသင့်တယ်။ ရေရှည်မှာ Wrong movement တွေ wrong form က ကိုယ့်ကို injury အနာတရ ဖြစ်စေနိုင်တာကြောင့် တကယ်ကို သတိထားရမယ့် အချက်ပါ။ ဒါကြောင့် အလေးဘယ်လောက်တိုးနိုင်လဲထက် လက်ရှိဆော့နေတဲ့ အလေးနဲ့ စနစ်ကျအောင် ဘယ်လောက်အနီးစပ်ဆုံး ကစားနိုင်လဲ ဆိုတာ ကွဲပြားသိသင့်ပါတယ်။
✅ ARE YOU TRAINING WITH SOLID EFFORT & ENOUGH INTENSITY?
Transformation ဆိုတာ တယ်ကို ထင်သလောက်မလွယ်ကူပါဘူး။ ပိန်ချင်ရင် အစားအသောက်ဖြတ်လိုက်ရင် ပိန်တယ်။ ဒါပေမယ့် ကျန်းမာတဲ့ကိုယ်ခန္ဓာကို အချိုးကျကျပိုင်ဆိုင်ချင်ရင် သာမာန်ထက်ပိုတဲ့ effort ထည့်ရပါတယ်။ ကိုယ့်ကိုခန္ဓာက တစ်ကယ်ကိုခွန်အားပြည့်ပြီး အလေးတိုးနိုင်ရက်နဲ့ ကိုယ့်ကိုကိုယ် ညှာပြီး အလေးမတိုးသရွေ့ GROWTH ဆိုတာဖြစ်မှာ မဟုတ်ပါဘူး။ တင်ပါးကြီးချင်တယ်။ နောက်ကျောမှာ back muscles တွေပေါ်ချင်တယ်။ ခါးသိမ်ပြီး ဗိုက်မှာ abs အရာတွေ ပေါ်ချင်တယ်။ ဒါတွေအားလုံးက best effort နဲ့ intensity ကို သုံးပြီး ကစားမှသာ ရရှိမယ့် result တွေပါ။ လွယ်လွယ်နဲ့ ဖြတ်လမ်းကလိုက်ရင် ဖြတ်လမ်းဆိုတဲ့အတိုင်း ဘယ်အရာမှ တာရှည်မခိုင်မြဲ နိုင်ပါဘူး။ ဒါကြောင့် ကြိုးစားပါ။ ကြိုးစားမှု ရလာဒ်ကသာ တစ်ကယ် ဂုဏ်ယူစရာပါ။
✅ ARE YOU PROGRESSIVELY OVERLOADING?
Progressive Overload ဆိုတာ Chloe အမြဲပြောနေတော့ Warriors တို့အနေနဲ့ မကြာခဏကြားဖူးမှာပါ။ ဒါပေမယ့် တစ်ကယ်ရော အလေးကို အပါတ်တိုင်း ၊ Chloe ရဲ့ Program တွေ တစ်ကျော့ပြီးတိုင်း နည်းနည်းချင်းဆီတိုးပြီး Tempo မှန်မှန်ဆော့ကြရဲ့လား။ အရင်ကဘယ်လောက်အလေးသုံးပြီး ကစားခဲ့တယ်၊ ဘယ်လေ့ကျင့်ခန်းကို ဘယ်နှစ် မိနှစ်ကြာအောင် ဘယ်နှစ်ကြိမ် တိတိ ကစားနိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းရော ရှိကြရဲ့လား။ Progressive overload ဆိုတာ ပြောတော့လွယ်သလောက် အမှန်က စီမံခန့်ခွဲမှု skill, Planning skill နဲ့အများကြီးသက်ဆိုင်ပါတယ်။ ကိုယ် စီမံခန့်ခွဲပြီး organize ဖြစ်ရင်ဖြစ်သလို planning ကောင်းရင်ကောင်းသလို Result တွေကွာခြားသွားမှာပါ။ ဒါကြောင့် Strength Training ဟာ overall lifestyle နဲ့ Personal development skill အတွက်ပါ အရမ်းကောင်းစေတယ်လို့ ပြောကြတာပါ။
✅ ARE YOU PRIORITIZING STRENGTH TRAINING?
ကိုယ်ခန္ဓာကို ပန်းပုရုပ်လို ထုဆစ်ပုံဖော်လို့တကယ်ရပါတယ်။ Chloe တို့ ဗလတွေနဲ့ ကျစ်လစ်တောင့်တင်းနေတဲ့ အမျိုးသားကိုယ်ခန္ဓာတွေကို ကြည့်မယ်မယ် တကယ်ပန်းပုရုပ်ထုထားသလို ကိုယ်ခန္ဓာက အချိုးအဆစ် အရမ်းကျပါတယ်။ သူတို့ကိုကြည့်လိုက်ရင် အဆီပိုကင်းရှင်းတယ်။ ကိုယ်ခန္ဓာက ကြွက်သားထုတွေနဲ့ အဓိကတည်ဆောက်ထားတယ်။ ဒီလို အမျိုးသားတွေကို Gym မှာ တွေ့ရင် သူတို့ကို cardio စက်တွေပေါ် ၊ အက အတန်းတွေထဲမှာ တွေ့တာများလား။ Strength area မှာ အလေးတွေ ထည့်ပြီး ကစားနေကြတာများလား? အမျိုးသမီးတွေလည်း အတူတူပါဘဲ။ အမျိုးသမီးတွေရဲ့ သဘာဝအရ အမျိုးသားတွေလို ကြွက်သားထုများတဲ့ ကိုယ်ခန္ဓာကို မပိုင်ဆိုင်တာကြောင့် ကိုယ်ခန္ဓာအဆီကင်းပြီး ကျစ်လစ်စေဖို့ အမျိုးသားတွေထက် ပိုလို့တောင် Strength Training လုပ်သင့်ပါသေးတယ်။ ကျန်းမာရေးရှူထောင့်ကကြည့်ကြည့် body beauty ပိုင်းကကြည့်ကြည့် mindset and mental health, personality အပိုင်းကကြည့်ကြည့် အလေးတွေထည့်ပြီး Strength train လုပ်တဲ့ အမျိုးသမီးတွေဟာ confident ပြည့်ဝနေတယ်။ စိတ်ခွန်အားပြည့်ဝ နေတယ်။ ယုံကြည်ချက်တွေ အပြည့်နဲ့ပေါ့။
Chloe ကို အခု ဖွင့်ထားတဲ့ အတန်း , STRONG LIFT PROGRAM လာစုံစမ်းကြတော့ “အသားကျစ်ပြီ အဆီပါးချင်တာ၊ ဝိတ်တက်မယ်ဆိုရင်တော့ မတက်သေးဘူး” လို့ ပြောကြတဲ့ သူတွေရှိတယ်။ အသားကျစ်ပြီး အဆီထုနည်းချင်ရင် ကြွက်သားတက်မှ ဖြစ်နိုင်မှာပါ။ ကြွက်သားတက်ရင် ကိုယ်အလေးချိန်က တိုးလာနိုင်သလို၊ လက်ရှိအလေးချိန်ကို ထိန်းထားပေးတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခါးဆိုဒ် သေးသွားတာ၊ အဝတ်အစားတွေ ဆိုဒ်ကျသွားတာ၊ နေရတာ ပေါ့ပါးလာတာ၊ ဒါတွေကို မေ့ထားကြတယ်။
Chloe ပေးချင်တဲ့ message က cardio or Strength ဆိုပြီး option လို နှစ်ခုထဲက တစ်ခု ရွေးခိုင်းတာ မဟုတ်ဘူး။ နှစ်မျိုးလုံးကစားရမယ်။ ဒါပေမယ့် အချိုးကျတဲ့ ကိုယ်ခန္ဓာကို လိုချင်ရင် “PRIORITIZE” …. strength training ကို ဦးစားပေးကစားသင့်တယ်လို့ ဆိုလိုတာပါ။
✅ ARE YOU NOT EATING ENOUGH CARBS AND PROTEIN?
ဒါကတော့ Nutrition အပိုင်းပေါ့။ အစားစားရမှာ ကြောက်ပြီး carbohydrates မှန်သမျှရှောင်၊ အဆီမှန်သမျှ ရှောင်ပြီး Protein ဓာတ်ပြည့်ဝအောင်မစားသရွေ့ body goal ဆိုတာ အရမ်းဝေးပါတယ်။ တင်ပါးကြွက်သားထွားပြီး ပုံကျချင်ရင် အနည်းဆုံးတော့ maintenance calorie လောက် စားသင့်တယ်။ အကောင်းဆုံးကတော့ surplus ပေါ့။ GAINS လို့ပြောလိုက်တာနဲ့ YOU NEED TO EAT MORE, RECOVER AND GROW ဆိုတာတန်းမြင်ရမယ်။ အရင်ခေတ်ကလို မစားမသောက်ဘဲ ကစားဘဲ ကစားနေဖို့ဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်စေတဲ့ အလေ့အကျင့်တွေပါ။
Chloe ကိုယ်တိုင် စားရင် ဝိတ်တက်မှာ ကြောက်တဲ့ အခြေအနေကနေ Quality Food တွေ များများစားသင့်တယ် ဆိုတဲ့ mindset ရအောင် နှစ်နဲ့ချီကြာအောင် ပြောင်းလဲခဲ့ရပါတယ်။ အခုတော့ ဒီလို Myth တွေ ကို unlock လုပ်ပြီး balance lifestyle မှာ ကိုယ်လိုချင်တဲ့ Goal ကို အဆင့်မကျော်ဘဲ ကျန်းမာရေးနဲ့အညီ လျှောက်လှမ်းနေပါပြီ။