Cardio ဦးစားပေးဆော့မှာလား? Weight Training ကို ဦးစားပေးဆော့မှာလား? 🤔
Warriors တို့ကြိုက်တာရွေးဖို့ ဒီနေ့မှာ Chloe က ဒီ Training Style နှစ်ခုရဲ့ အားသာချက်၊ အားနည်းချက်၊ ကွဲပြားခြားနားချက်တွေကို သေချာရှင်းပြပါရစေနော်။
Hi warriors,
အားလုံးဘဲ မင်္ဂလာပါ။
အခု ဒီ post မှာ တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့ Chloe ရဲ့ Body transformation ရယ်၊ Training Style နဲ့ Diet တွေ ကွာခြားပုံကို Warriors တို့ မြင်တွေ့ရမှာပါ။🤗
ဒါဆို ပထမဆုံး Cardio Training အကြောင်းကိုရှင်းပြမယ်နော်။ Cardio ဆိုတာ Cardiovascular activity တွေကို အတိုကောက်ခေါ်တာပါ။ ချွေးထွက် မောပန်းပြီး နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေပေါ့ ဥပမာ ပြေးတာ၊ ခုန်တာ၊ ကတာ၊ စက်ဘီးနင်းတာ , HIIT workout တွေ၊ boxing စတဲ့ လှုပ်ရှားမှုပြင်းထန်ပြီး နှလုံးကြွက်သားအားကောင်းစေမယ့်၊ အမောခံနိုင်မယ့် အားကစားမျိုးပေါ့။ Endurance နဲ့ Heart health အတွက်ကြည့်မယ်ဆို Cardio ကအကောင်းဆုံး Training ဘဲ။ ဒီလို Cardio လေ့ကျင့်ခန်းတွေဆော့ရင် စားထားတဲ့ Calorie တွေ ပြန်လောင်ကျွမ်းမယ်။ Fat Burn မယ်။ ပြီးရင် ဝိတ်ကျစေမယ်ပေါ့။ Chloe ဆီကိုရောက်လာတဲ့ Client တော်တော်များများကလည်း နည်းနည်းအဆီတက်ပြီဆိုတာနဲ့ Cardio ပိုလုပ်မယ်ပေါ့။ ဒီ အယူအဆက မှန်လား ဆိုတော့လည်း ၁၀၀% မမှန်သလို မှားလားဆိုတာ့လည်း မမှားနေပြန်ဘူး။
ဘာကြောင့်လဲဆို Cardio လေ့ကျင့်ခန်းတွေက fat burn ဖြစ်တယ်ဆိုပေမယ့် weight training လို ကြွက်သားထုတည်ဆောက်မှုကို အားမပေးတဲ့အခါမှာ ကိုယ်ခန္ဓာက Cardio ကြောင့် fat burn ဖြစ်လည်း အားကစားလုပ်နေစဉ်ကာလမှာဘဲ ဒီ fat burn process က အကျိုးသက်ရောက်စေပြီး cardio training ပြီးလို့ နားနေတဲ့အခါမှာ ကိုယ်ခန္ဓာရဲ့ Fat Burn Process ကရပ်သွားတာပါ။ ဒီတော့ စားရင်စားသလောက် cardio နဲ့ ပြန် မ burn နိုင်တဲ့အခါ အဆီအတက်အကျ အရမ်းမြန်ပြီး ကိုယ်ခန္ဓာက ကြွက်သားအားနည်း အသားတွေ ပျော့ကုန်တာပေါ့။
Weight training တနည်းအားဖြင့် Strength training က ကိုယ်ခန္ဓာမှာ ကြွက်သားထုတက်လာအောင် ၊ ပိုပြီး သန်မာလာအောင် အဓိက အထောက်အကူပြုစေတဲ့ Training အမျိုးအစားပါ။ ဒီနေရာမှာ Cardio နဲ့မတူတဲ့ အားသာချက်က Fat burning process ဘဲ။ ကြွက်သားထု တည်ဆောက်ပြီးသား ကိုယ်ခန္ဓာရဲ့ Fat burn process က ဆော့ပြီး ၃၆ နာရီအကြာထိ နားနေချိန်မှာတောင် အဆီတွေက auto လောင်ကျွမ်းနေတာပါ။ ဘာကြောင့်လဲဆိုတော့ ကြွက်သားထုတည်ဆောက်တဲ့ဖြစ်စဉ် ၊ ပြီးတော့ Strength training style က ပိုလို့ ခက်တယ်။ ကြွက်သားတွေ ပိုရုန်းရတယ်။ Energy ပိုသုံးရတော့ ဆော့ပြီး နားတဲ့ထိ Fat Burning Process ကရပ်မသွားဘူး။ အဲ့တော့ ခြုံလိုက်ရင် Cardio ဆော့တာထက် ပိုပြီး weight lifting လုပ်တာက အချိန်ကြာကြာ Fat Burn ပိုဖြစ်စေတယ်။ အဲ့တော့ အဆီကျ မြန်တာပေါ့။
Weight lifting လုပ်ရင် ကြွက်သားထုတက်လာမယ်။ >> ကြွက်သားထုတက်လာရင် ကိုယ်ခန္ဓာက Energy ပိုဖြုန်းရမယ်။ >> Energy ပိုဖြုန်းရရင် နားနေချိန်မှာတောင် Fat burn ဖြစ်နေမယ် = အဲ့တော့ များများစားလို့ရမယ်။ များများစားတော့ အာဟာရပြည့်ဝ လိုအပ်တဲ့နေရာတွေ ကြွက်သားထု တက်ပြီး ကိုယ်ခန္ဓာအချိုးကျလာတာပေါ့။ 😉
ဒါကြောင့် Chloe က ဘာကြောင့် အလေးမတာ မကြောက်ဖို့ Warriors တို့ကို ဘာလို့ အမြဲတိုက်တွန်း နေလည်းဆို Strength training လုပ်ချင်းက တကယ်ကို ရေရှည်မှာ ကိုယ်ခန္ဓာအတွက် အကျိုးကျေးဇူးတွေများပါတယ်။ အမျိုးသမီးတွေက ပိုလို့အဆီတက်လွယ်တော့ Strength training ကို ပိုလို့တောင် ဆော့သင့်ပါတယ်။
ဒီနေရာမှာ Training တစ်ခုထဲမဟုတ်ဘဲ Nutrition နဲ့ စားသောက်မှု ပုံစံ Diet က လည်း အရမ်းအရေးကြီးပါတယ်။
Strength training စပြီဆိုတာနဲ့ Chloe က Chloe တပည့်တွေ အကုန်လုံးကို High Protein Diet စားဖို့ ၊ ဘယ်လို Portion ခွဲစားသင့်တယ်၊ ဘာဓာတ်စာတွေ nutrients တွေ ကိုယ်ခန္ဓာက လိုအပ်နေတယ်ဆိုတာ နေ့တူတကွ သတိပေးနေတာပါ။ Diet ၊ Training ၊ Recovery ၊ Rest ကတော့ အမြဲ ဒွန်တွဲနေတာပါ။
ဒီနေရာမှာ အဓိကပေးချင်တဲ့ Message က အမျိုးသမီးတွေ ကိုယ်ခန္ဓာ အချိုးအဆစ်ကျပြီး စမတ်ကျကျ ပုံကျလှပချင်တယ်ဆို မဆော့မဖြစ်က Strength training ပါ။ အလေးထည့်ဆော့မှကို ဖြစ်မှာပါ။ ကျန်းမာချင်ရင် Cardio ကိုဆော့ အလှအပ Body Beauty အတွက် Strength training ကိုဆော့ 🥰
Chloe ကိုယ်တိုင် cardio ဘဲသီးသန်း ဆော့ခဲ့စဉ်က ပုံနဲ့ အလေးမပြီးနောက်ပိုင်း ရရှိလာတဲ့ Result ကလုံးဝကိုမတူတာပါ။ ကိုယ်ခန္ဓာ ပြောင်းလဲမှုတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာ ပြောင်းလည်းတိုးတက်မှုတွေက အများကြီးပါ။