လေ့ကျင့်ခန်း Program များ

စနှစ်တကျရေးဆွဲထားတဲ့ Training workout program တွေကို အခုပဲ ဝင်ရောက်လေ့လာပြီး warrior တို့ရဲ့ Fitness Goal ကို ဒီနေ့ပဲ အရယူလိုက်ရအောင်။

ပစ်မှတ်

ပစ်မှတ်

Fitness ပန်းတိုင်

Fitness ပန်းတိုင်

ကြာချိန်

ကြာချိန်

ပစ္စည်းကိရိယာ

ပစ္စည်းကိရိယာ
Revive program ဟာ ဆိုရင် ခန္ဓာကိုယ်လှုပ်ရှားမှုလွယ်ကူအောင် Recovery Process မြန်အောင် Strength Training နဲ့ Basic Pilates Movement တွေကို အခြေခံပြီး ပေါင်းစပ်ထားတဲ့ (၄) ပတ်ကြာ Body Restoration program တစ်ခုပဲဖြစ်ပါတယ်။
14 ရက်တာကြာမြင့်မယ့် Strong Girl Era Challenge မှာပါဝင်ရင်း ပိုပြီးသန်မာလာပြီး ယုံကြည်မှုရှိတဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ။ ဒီ Challenge ဟာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားနေရာတိုင်းကို ထိမိအောင် ရေးဆွဲထားပြီး မည်သည့် Fitness Level မဆို ပါဝင်နိုင်အောင် စီစဉ်ပေးထားပါတယ်။ Challenge Plan တစ်ခုလုံးကို Lower Body, Upper Body အပြင် ဝမ်းဗိုက်လေ့ကျကျင့်ခန်းတွေပါ ထည့်သွင်းရေးဆွဲထားတာကြောင့် ဗိုက်ချပ်ပြီး ခန္ဓာကိုယ် ကျစ်လစ်စေမယ့် Challenge တစ်ခုဖြစ်ပါတယ်။ ပစ္စည်းကိရိယာအနေနဲ့လည်း Dumbbell တစ်စုံသာအသုံးပြုထားပါတယ်။ မည်သူမဆို ပါဝင်နိုင်တာမို့ ခုပဲ Strong Girl Era challenge ကို join လိုက်ပါ။
warrior တို့ရဲ့ Body Transformation Journey ကို SHRED program နဲ့ စတင်လိုက်ကြရအောင်။ အသားအရည် ပျော့တွဲနေတာတွေ တင်းရင်းပြီး Body ကျစ်ကျစ်လေး ဖြစ်လိုတဲ့ အမျိုးသမီးတိုင်းအတွက် Shred program က အသင့်တော်ဆုံးပါ။ SHRED program က Strength Training (ကြွက်သားထုတက် အသားကျစ်လစ်စေရန်)၊ HIIT Training ( ကယ်လိုရီ လောင်ကျွမ်းစေရန်) နဲ့ Mobility Training (ကြွက်သားရောင်ရမ်းမှုတွေ လျော့နည်းပြီး Training Performance ၂ ဆ မြင့်တက်စေရန်) တို့ကို စနှစ်တကျ ပေါင်းစပ်ထားတာမို့ကြွက်သားထုတည်ဆောက်ပေးပြီး ခန္တာကိုယ်က မလိုချင်တဲ့အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ Program Structure အနေနဲ့လဲ Upper Body (2) ရက်। Lower Body (2) ရက် နှင့် Cardio (1)ရက်ဆိုပြီး စုစုပေါင်း တစ်ပတ်(၅) ရက် ကစားရမှာဖြစ်ပြီး equipment အနေနဲ့လဲ အလေးတစ်စုံသာ လိုအပ်ပါတယ်။
Strength training ကို Gym သွားစရာမလိုဘဲ အိမ်မှာတင် ထိထိမိမိ အလေးသုံးပြီး အမိုက်စားကစားနိုင်မယ့် Program ကို ရှာနေပါသလား။ လေးပတ်တာကြာမြင့်မဲ့ Strong Lift Program က ကြွက်သားဖွံဖြိုးရန်နှင့် သန်မာမှုအတွက် အဓိကထား ရေးဆွဲထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းကို မျှမျှတတဖြစ်အောင် ထည့်သွင်းရေးဆွဲထားပါသည်။ Compound Lifts, Isolation ၊ Unilateral ၊ Supersets Training စသော Training ပုံစံတို့ဖြင့် ပေါင်းစပ်ထည့်သွင်းရေးဆွဲထားတာကြောင့် Muscle ထုတက် weight gain ဖြစ်ချင်သူများ၊ အလေး”မ” ရတာ ကို နှစ်သက်သူ အမျိုးသမီးများ၊ အလေးများများနှင့် အခေါက်အရေအတွက်ကို ထိထိမိမိလုပ်ပေးခြင်းအားဖြင့် ကြွက်သားထုဖွံဖြိုးစေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားဖွံဖြိုးချင်သည့်သူတိုင်းအတွက် သင့်တော်သည့် Intermediate Advanced Strength Training Program တစ်ခုဖြစ်ပါသည်။ Fitness Level အဆင့်မြှင့်ချင်သော အမျိုးသမီးတိုင်းသာမက ကျန်မားရေးလိုက်စားသူအမျိုးသမီးတိုင်း အတွက် ရွေးချယ်သင့်သည့် Program တစ်ခုဖြစ်ပါသည်။
သင်ဟာ အလုပ်အရမ်းများလို့ အချိန်အနည်းငယ်ပေးရုံဖြင့် ထိရောက်တဲ့ လေ့ကျင့်ခန်း Program တစ်ခုကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ Power Burn Program လေး ရှိပါတယ်။ Power Burn Program က ၁ ပတ်မှာ ၃ရက်၊ တနေ့မှာ မိနစ် ၂၀ သာ အချိန်ပေးရုံနဲ့ ထိရောက်တဲ့ workout လုပ်ချင်တဲ့ သူတွေအတွက် အရမ်းသင့်တော်သော HIIT training Program လေး ဖြစ်ပါတယ်။ Training လေ့ကျင့်ခန်း ဗီဒီယို ၁၂ ပုဒ် ပါဝင်ပြီးတော့ Power Burn Workout များသည် အချိန်တိုတွင်း ထိရောက်သောရလဒ်ကို ရယူလိုသူများ၊ လေ့ကျင့်ခန်းပြုလုပ်ရန် အချိန်အများကြီးမပေးနိုင်သော Chloe ရဲ​့ Busy Girl များအတွက် ရည်ရွယ်ပါသည်။ ဒါ့အပြင် ပရိုဂရမ်ကို Easy mood, Challenge mood ဆိုပြီး Fitness level 2 ခုကို ခွဲခြား ရေးဆွဲထားပေးတာမို့ Beginner level ကစလို့ Intermediate, Advanced မည်သည့် Fitness level မဆို ကစားလို့ရပါတယ်။ High Intensity လေ့ကျင့်ခန်းများ ပါဝင်တာကြောင့် အဆီပိုတွေကို ထိရောက်လျင်မြန်စွာ လောင်ကျွမ်းစေရန် အတွက် ရည်ရွယ်ပါသည်။ Strength Training Program များနှင့် တွဲကစားလို့ရသည့်အပြင် နှလုံးကြွက်သား သန်မာစေရန် နှင့် အမောခံနိုင်လာစေရန် အကူညီပေးပါလိမ့်မည်။
Glute On Fire သည် (၇) ရက်ကြာ Challenge တစ်ခုဖြစ်ပြီး တင်ပါးရှိကြွက်သားများအားလုံးကို (၇) ရက်တာမှာ မတူညီသော လေ့ကျင့်ခန်း ဗီဒီယို(၇) မျိုး ဖြင့် ထိထိမိမိ ကစားရမည့် Challenge တစ်ခုဖြစ်ပါသည်။ တင်ပါးလေ့ကျင့်ခန်းမ​ျား အပါအဝင် Lower body training, Full Body Training တို့ကို စနှစ်တကျ ရေးဆွဲထားသောကြောင့် ၇ရက်တာ ကိုယ့်ကိုကိုယ် Challenge ခေါ် ကစားလိုသူများအတွက် ထိရောက်သည့် Challenge တစ်ခုဖြစ်ပါသည်။ Challenge ပြီးတာနှင့် တင်ပါးကြွက်သားများ ကျန်းမာလာပြီး ကိုယ်နေဟန်ထားလည်း ပုံစံမှန်လာစေမှာဖြစ်ပါသည်။
ကိုယ်ခန္တာအလေးချိန်များပြီး ဝိတ်လျော့လိုသူတွေအတွက် Fat loss အတွက် ထိရောက်မူ ရှိစေတဲ့ Program တစ်ခုကို လိုအပ်နေပါသလား။ လေးပတ်တာကြာမြင့်မည့် Fat Destroyer 2.0 သည် Fat Destroyer 1.0 ၏ New Version Program တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းအဆီကျလိုသူများ ၊ Fat loss အတွက် အထူးရေးဆွဲထားသော Program တစ်ခုဖြစ်ပါသည်။ HIIT ၊ LISS Training ​တွေအပြင် Weight Training ကိုပါ ပူးတွဲထည့်သွင်းရေးဆွဲထားတာကြောင့် အချိန်တိုတွင်း ကိုယ်ခန္တာ ပုံကျလှပစေမှာပါ။ Beginner Friendly ဖြစ်တာမို့ အခုမှ လေ့ကျင့်ခန်း စကစားမဲ့ သူတွေအတွက်လဲ သင့်လျော်ပါတယ်။
လေးပတ်ကြာ Fat Destroy 1.0 Program သည် Fat loss အတွက် သိပ္ပံနည်းကျ အထူးရေးဆွဲထားသော Program ဖြစ်ပါသည်။ တပတ်ကိို ၅ ရက် ကစားရမှာ ဖြစ်ပြီး အလေးတစ်စုံ သာ လိုအပ်ပါသည်။ တနေ့ကို ၄၅ မိနစ်ခန့် အချိန်ပေးရုံဖြင့် ချွေးထွက်လန်းဆန်းလိုသူများ၊ အဆီကျလိုသူများ ကစားသင့်ပါသည်။
ခါးသေးပြီး ပုခုံးနဲ့ တင် Upper body နဲ့ Lower body အပေါ်အောက် ညီလိုသူတွေအတွက် အထိရောက်ဆုံး Program တစ်ခုကို ရှာဖွေနေပါက Curve Strong Program ေလး ရှိပါတယ်။ Curve Strong Program သည် အမျိုးသမီးဆန်သောကောက်ကြောင်းပုံစံ Hour Glass Shape ရရှိလိုသူ အမျိုးသမီးများအတွက် စနှစ်တကျ အထူး ရေးဆွဲထားသော Program ဖြစ်ပါသည်။ အဆီကျ သွယ်လျ ချင်သူတွေအမျိုးသမီးဆန်သောကောက်ကြောင်း ပိုင်ရှင် ဖြစ်လိုသူတွေအတွက် ရည်ရွယ်ပါသည်။ Program ကာလသည် ၆ပတ်တာ ကြာမြင့်မှာ ဖြစ်ပြီး Equipment အနေနဲ့လဲ အလေးတစ်စုံ နှင့် resistance band တစ်ခုသာ လိုအပ်ပါသည်။ တင်ပါးကြွက်သား ဘေးချိုင့်ခြင်းများကိုလဲ သက်သာစေပြီး ခန္ဓာကိုယ်ကောက်ကြောင်း အထူးအသားပေး ကစားလိုသူများအတွက် သင့်လျှော်ပါသည်။
ပုံစံကျပြီး လုံးဝန်းတဲ့ တင်ပါး Booty Shape ပိုင်ဆိုင်နိုင်ဖို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း Program တစ်ခုကို ရှာဖွေနေပါသလား။ Booty at Home Program က warrior တို့ကို လုံးဝန်းလှပတဲ့ တင်ပါးကို ရရှိပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးပါလိ်မ့်မယ်။ Booty at Home program သည် ခြေသလုံး၊ ပေါင်၊ တင်ပါးကြွက်သားကို အသားပေး ကစားရသော Lowr body focus program တစ်ခုဖြစ်ပါသည်။ တင်ပါးကြွက်သား လုံးဝန်းလာအောင် ကိုယ်ခန္တာ အောက်ပိုင်း ပုံကျလာအောင်,တင်ပါးကြွက်သား ဘေးချိုင့်ခြင်းများ သက်သာလာအောင် အထူး ထောက်ပံပေးမည့် Program တစ်ခုဖြစ်ပါသည်။ Program သည် တစ်ပတ် (၅) ရက် ကစားရမှာဖြစ်ပြီး (၃) ရက်ကို Lower Body အဓိက ကစားရမှာဖြစ်ပြီး ကျန်သည့်နှစ်ရက်ကို Upper Body နှင့် Core muscle သန်မာလာအောင် မျှမျှတတ ထည့်သွင်းရေးဆွဲပေးထားသော Program တစ်ခုဖြစ်ပါသည်။
Strength training ကိုလဲ ကစားချင်တယ်။ မိမိက အခုမှ စကစားမဲ့ Beginner တစ်ဦးဆိုပါက Build & Define program က အသင့်တော်ဆုံးပါနော်။ ခန္ဓာကိုယ် အဆီကျ ကျစ်လစ်ချင်သူတွေ၊ Lean Muscle ရရှိလိုသူတွေအတွက် Build and Define Program သည် Fitness level အားလုံးအတွက် အထူးသင့်လျော်သော Program တစ်ခု ဖြစ်ပါသည်။ Build & Define ဆိုသည့်အတိုင်း ခန္တာကိုယ်အတွင်း အဆီကျရုံသာ မကဘဲ တချိန်ထဲမှာ ကြွက်သားထုတည်ဆောက်ပေးနိုင်တာမို့ ကျစ်ကျစ်လစ်လစ်နဲ့ Tone body ရလိုသူ၊ အမျိုးသမီးဆန်သော ကိုယ်ခန္တာအချိုးအစား ပိုင်ဆိုင်လိုသူ အမျိုးသမီးများအတွက် အထူးသင့်လျော်ပါသည်။ တပတ်မှာ(၆)ရက် ကစားရမှာ ဖြစ်ပြီး equipment အနေနဲ့လဲ အလေးတစ်စုံသာ လိုအပ်ပါသည်။ အလေးမခြင်းကို နှစ်သက်သည့် သူများ လုံးဝ ရွေးချယ် ကစားသင့်သည့် Program တစ်ခုဖြစ်ပါသည်။
(၁၄)ရက်အတွင်း ဗိုက်ချပ်စေရန် အထူးရည်ရွယ်ရေးဆွဲထားသော Abs On Fire Challenge သည် ဝမ်းဗိုက်ပိုင်းဧရိယာတစ်ခုလုံးကို အဓိကထားပြီး ဗိုက်ချပ်အောင် လေ့ကျင့်ရမည့် Challenge တစ်ခုဖြစ်သည်။ ဒီ Challenge သည် Abs training ဖြစ်သောကြောင့် မည်သည့် Program နဲ့မဆို တွဲကစားနိုင်ပါသည်။ Challenge ကစားပြီးတာနဲ့ ဝမ်းဗိုက်တစ်ခုလုံး အဆီလောင်ကျွမ်းသွားသလို ခံစားနေရမှာ ဖြစ်သောကြောင့် warrior တို့ လုံးဝ အကြိုက်တွေ့စေမဲ့ Challenge ကောင်းတစ်ခု ဖြစ်ပါတယ်။ Challenge ကစားနေစဥ် ကာလအတွင်း ဆီကြော် အငန် အချို လျော့စားပြီး အစားအသောက်ပါ ဆင်​ခြင်မည်ဆိုပါက သိသိသာသာ ဗိုက်ချပ်လာစေမှာပါနော်။
Review Your Cart
0
Add Coupon Code
Subtotal
Total Installment Payments
Bundle Discount

 

အကောင့်ထဲသို့ ဝင်မည်

By logging in you have agreed to thechloecondition.com’s Terms & Conditions and Privacy Policy

Register

By signing up you have agreed to thechloecondition.com’s Terms & Conditions and Privacy Policy

အကောင့်ထဲသို့ ဝင်မည်